ထိုင်းအက်စ်အမ်အီးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ မန္တလေးမြို့တွင် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း

Thu, 09/14/2017 - 08:47 -- admin_ygn

          ထိုင်းအသေးစား အလတ်စား လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ မန္တလေးမြို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပြုလုပ်ကြရန် မန္တလေးမြို့တွင် ပြုလုပ် ခဲ့သည့် Bangkok Post Plc နှင့် Asset Pro Management Co.,  တို့ က ကြီးမှူး ကျင်းပသည့် ဆွေးနွေးပွဲတွင်  မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင် များအသင်း၏အမှုဆောင်ကော်မတီ ဝင် မစ္စတာ နာတာပွန်ဗီဆစ်ကစ်ချာခွန် ၏ ပြောကြားချက်ကို ကိုးကား၍ ဗန် ကောက်ပို့စ် သတင်းတွင် ဖော်ပြထား သည်။
မန္တလေးမြို့သည် ထိုင်းနိုင်ငံမှ ကုန်စည်များအား ဝယ်လိုအား များပြား သည့် မြို့တစ်မြို့ဖြစ်ပြီး အဆိုပါမြို့သည် လယ်ယာထွက်ကုန်ပစ္စည်းများ ခိုင်မာ စွာတည်ရှိသည့်မြို့ဖြစ်ကြောင်း၊ ထို့ပြင်  သဘာဝသယံဇာတများလည်း ပေါများ စွာရှိသည့်မြို့ဖြစ်ကြောင်း၊ မန္တလေးမြို့ တွင် သွားရောက်ရင်းနှီးမြှုပ်နှံပါက ထိုင်း အက်စ်အမ်အီး လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းများ အများအပြား ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။
''မန္တလေးမြို့ဟာ     ထိုင်းရင်းနှီး မြှုပ်နှံမှု  လုပ်ငန်းရှင်ကြီးတွေသာမက ထိုင်းအက်စ်အမ်အီး  လုပ်ငန်းရှင်လေး တွေအတွက်လည်း နိုင်ငံရပ်ခြားဒေသ မှာ သွားရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသင့်တဲ့ ဒေသတစ်ခုပါ။ မန္တလေးမြို့မှာဆိုရင် ဆက်သွယ်ရေးနဲ့ ဆိုင်တဲ့ အခြေခံ အဆောက်အအုံ အကောင်အထည်ဖော်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ ဖို့ အခွင့်အလမ်းကောင်း တွေ အများကြီးရှိနေပါတယ်။ မြန်မာ နိုင်ငံအစိုးရက မိုဘိုင်းဖုန်းဆက်သွယ် ရေးလုပ်ငန်းကို တယ်လီနောနဲ့ အူရီဒူး တွေကို လုပ်ကိုင်ခွင့် ပြုလိုက်ပြီးတဲ့နောက် မှာ မန္တလေး မြို့မှာ မိုဘိုင်းဖုန်းဝန်ဆောင် မှုလုပ်ငန်းဟာ အဓိကကျတဲ့ အပြောင်း အလဲတစ်ခု ဖြစ်လာပါတယ်''ဟု နာတာ ပွန်က ပြောကြား ခဲ့သည်။
၂၀၁၅ ခုနှစ် စာရင်းများအရ မန္တလေးမြို့တွင် မိုဘိုင်းဖုန်းအသုံးပြု သူပေါင်း ၁၈ ဒသမ ၁ သန်းအထိ ရှိလာ ပြီ ဖြစ်သည်။မန္တလေးမြို့သည် ဘင်္ဂလားဒေ့ရှ်- တရုတ်-အိန္ဒိယ-မြန်မာ(BCIM) စီးပွား ရေးစြင်္ကံတွင် ပါဝင်နေ သည့်မြို့ တစ်မြို့ ဖြစ်ပြီး တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု လမ်းကြောင်း  တစ်ခုစီမံကိန်းတွင် ပါဝင် နိုင်ရန် အဆိုပြုထားသည့် မြို့လည်းဖြစ် သည်။ ထို့ကြောင့်မန္တလေးမြို့တွင် ရင်း နှီးမြှုပ်နှံခြင်းဖြငBCIMစီးပွားရေးစြင်္ကံ တစ်လျှောက် စက်မှုဇုန်များ ဖွံ့ဖြိုးတိုး တက်လာနိုင်သကဲ့သို့ အခြေခံအဆောက် အအုံများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာ နိုင်မည်ဟု ထိုင်းစီးပွားရေးလုပ်ငန်းရှင် များက သုံးသပ်လျက်ရှိသည်။ထို့ပြင် မန္တလေးမြို့သည် ထိုင်း ရင်းနှီးမြှုပ်နှံသူများ အား ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန် အခွင့်အလမ်းကောင်းများ ပေးအပ်နေပြီဖြစ်ကြောင်း၊ မန္တလေးမြို့ တွင် ယခုအခါ၌ နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ် နှစ်လုံးသာ ရှိသေးကြောင်း၊ မန္တလေးမြို့ သို့ တရုတ်၊ ထိုင်း၊ ဥရောပနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများမှ နိုင်ငံခြား သား ဧည့်သည်များ လာရောက်လည် ပတ်လျက်ရှိသည်မှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလျက်ရှိကြောင်း၊ မန္တလေးမြို့သည် ကမ္ဘာကျော်မြန်မာ့ ယဉ်ကျေးမှုအနုသုခုမ လက်ရာများ တည်ရှိသည့်မြို့ဖြစ်ရာ နိုင်ငံတကာမှ ဧည့်သည်များအများဆုံး လာရောက် လည်ပတ်လေ့ရှိသည့် မြန်မာနိုင်ငံ၏အထင်ကရ မြို့တစ်မြို့လည်းဖြစ်ကြောင်း၊ မန္တလေးနန်းတော်၊ မဟာမြတ်မုနိဗုဒ္ဓရုပ် ပွားတော်နှင့် အမရပူရမြို့နယ်ရှိ ကျွန်း တိုင်များဖြင့် တည်ဆောက်ထားသည့် ကမ္ဘာကျော် ဦးပိန်တံတားတို့သည် ကမ္ဘာလှည့်ခရီးသည်များ မျက်စိကျ သည့်နေရာများပင်ဖြစ်ကြောင်း၊ ထို့ပြင် ရွှေဆိုင်းခတ်လုပ်ငန်းနှင့် ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာ လုပ်ငန်းများ အများအပြားရှိသည့်မြို့ ဖြစ်သဖြင့် ထိုင်း အက်စ်အမ်အီးလုပ်ငန်းရှင်များအနေ ဖြင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အခွင့်အလမ်းများ ကို ရယူကြရန်လိုကြောင်း နာတီပွန်က  ပြောကြားခဲ့သည်။
မန္တလေးမြို့သို့   ၂၀၁၇  ခုနှစ် ဖေဖော်ဝါရီလအတွင်းက  ကမ္ဘာလှည့် ခရီးသည်ပေါင်း     ခြောက်သိန်းဝင် ရောက်ခဲ့ရာ စံချိန်တင်လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း  ဟိုတယ်နှင့်  ခရီးသွား ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
မန္တလေးမြို့ တည်ဆောက်လျက် ရှိသည့် မြို့သာစက်မှုဇုန်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီး မြှုပ်နှံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ မြို့သာစက်မှုဇုန်တွင် လာရောက်ရင်းနှီး မြှုပ်နှံသူများအတွက် အခွင့် အလမ်းများ များပြားစွာ ပေးအပ်မှာဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောကြားခဲ့ ကြောင်း ဗန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

မယ်သီတာ