တစ်ပတ်အတွင်း မြန်မာ့ရွှေဈေး ကျပ်တစ်သောင်းကျော် မြင့်တက်

Tue, 03/01/2016 - 05:21 -- admin_ygn

ပြည်တွင်းရွှေဈေးကွက်တွင် ရွှေ  ဈေးနှုန်းများသည်    ယခုတစ်ပတ် အတွင်း ကျပ် တစ်သောင်းကျော်အထိ မြင့်တက်လာခဲ့ကြောင်းပြည်တွင်းရွှေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးသည်လည်း နေ့စဉ် မြင့်တက် လျက်ရှိ ရာ  တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၀ ကျော် မြင့် တက်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံအတွင်း  စတော့ရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်း နေမှုနှင့် စင်ကာပူနိုင်ငံရှိဘဏ်အချို့ ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းနေ မှုတို့ကြောင့် ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေဝယ်လိုအားများ နေ့စဉ်မြင့်တက် လျက်ရှိကြောင်း သိရသည်။ဒေါ်လာတန်ဖိုး အားပျော့လာမှု ကလည်း ရွှေေ ဈးနှုန်း မြင့်တက်မှုကို ထောက်ပံ့ပေးလျက်ရှိနေသဖြင့် ကမ္ဘာ့ ရွှေဈေး များမြင့်တက်ခြင်းသည် အမေရိ ကန်ဒေါ်လာလဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ရွှေဈေးကွက်အတွင်း သုံးသပ်လျက်ရှိ သည်။"ကမ္ဘာ့ရွှေဈေးက နေ့စဉ်တက် လာတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေး ကလည်း လိုက်ပြီးတက်လာတယ်။ တရုတ်မှာက စတော့ဈေးတွေ ထိုးကျ ကုန်သလို စင်ကာပူူမှာလည်း ဘဏ် တွေရဲ့ ရှယ်ယာဈေးတွေ ကျလာတာ ကြောင့် ရွှေဘက်ကို လှည့်လာကြတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာ နေ့စဉ် ရွှေ အရောင်းအဝယ်က တော်တော်များနေ ပြီ။  အဝယ်လိုက်လာတော့ ဈေးက မြင့်တက်သွားတာပါပဲ။ ကမ္ဘာ့ရွှေဈေး မြင့်တက်တဲ့အတွက် ပြည်တွင်းရွှေဈေး ကလည်း မြင့်တက်လာတော့ ဈေးကွက် ထဲမှာ ရောင်းတဲ့သူတွေက ပိုများလာ တယ်။ ရွှေဈေးက ထပ်တက်ဖို့ပဲရှိတယ်။ ဒီရက်ထဲမှာ ပြန်ကျဖို့ဆိုတာကတော့ မရှိသေးဘူး။  ခုရက်ပိုင်းမှာရှစ်သိန်း အောက်ရောက်ဖို့တော့ မမြင်ပါဘူး"ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။ ပြည်တွင်း   ရွှေဈေးကွက် တွင် ဖေဖော်ဝါရီ ၂၂ရက်က တစ်ကျပ်သား လျှင် ကျပ် ၇၉၇၀၀၀ ရှိခဲ့ရာမှ ဖေဖော် ဝါရီ ၂၃ ရက်တွင် ၇၉၉၀၀၀ကျပ်သို့ မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၄ရက် တွင် ကျပ် ၈၀၂၅၀၀ သို့ ဆက်လက် မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက် တွင် ကျပ် ၈၀၅၀၀၀သို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျပ် ၈၀၈၀၀၀ သို့လည်းကောင်း မြင့်တက် ခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက၌ ဖေဖော် ဝါရီ ၂၂ ရက်က ၁၂၁၇ ဒေါ်လာ ရှိခဲ့ ရာမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် ၁၂၂၉ ဒေါ်လာသို့လည်းကောင်း၊ ဖေ ဖော် ဝါရီ ၂၅ ရက်တွင် ၁၂၃၂ ဒေါ် လာသို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ၁၂၃၈ ဒေါ်လာသို့ လည်း ကောင်း မြင့်တက်ခဲ့သည်။
မယ်သီတာ

Local Trade News

Pages