ဈေးအေးပေမယ့် ပုံမှန်အရောင်းအဝယ်ရှိနေတဲ့ မန်းသကြား

Wed, 01/21/2015 - 10:42 -- admin_ygn

   မန္တလေးမြို့ သကြားကုန်စည်ဒိုင်  (မြန်မာနိုင်ငံသကြား၊ သကာရည်လုပ်ငန်းရှင်များကထိန်တော်အသင်း) မှာ နေ့စဉ် (ဥပုသ်နေ့မှအပ) သကြား၊ သကာရည်နဲ့ စက်ကျရည်များ ကို အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းရှင်များ စက်ပိုင်များလာရောက်အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။
   ၂၀၁၅ ခုနှစ် ဇန်နဝါရီလဒုတိယပတ်မှာ သကာပွက်ရည် တစ်ပိဿ     ာ ၄၉၀ ကျပ်မှ ၅၁၀ ကျပ်ဈေးနှုန်းနဲ့  အရောင်းအဝယ်ဖြစ်ပြီး စက်ကျရည်  တစ်ပိဿ     ာ ၃၈၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ သကြား A  ၈၂၀ ကျပ်၊ သကြား B ၈၀၀ ကျပ်၊ သကြား C  ၇၉၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။
   သကာပွက်ရည်ဈေးအေးမှုနဲ့အတူ သကြားဈေးနှုန်းလည်းအေးလျက်ရှိပါတယ်။ ဒီဇင်ဘာလလယ်မှစပြီး ဈေးကွက်ဝင်လာတဲ့ သကာပွက်ရည်များ ယခုလမှာ လှိုင်လှိုင်ပေါ်လာ တဲ့အတွက် ဈေးနှုန်းအနည်းငယ် အေးတာကြောင့် အဲဒီ ပွက်ရည်အပေါ်မူတည်တဲ့ သကြားဈေးလည်းကျဆင်းရတာဖြစ်ကြောင်း၊ တရုတ်မှလည်း သကြား (အကြမ်း) များကို  မှာ ယူယ်ယူမှုလည်းရှိကြောင်း ပြည်တွင်းမုန့်မျိုးစုံလုပ်ငန်း၊ နို့ဆီချက်လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ အချိုရည်လုပ်ငန်းများမှ အဓိကဝယ်ယူမှုရှိကြောင်း တစ်ရက်ကိုပျမ်းမျှ တစ်ပိဿ      ာ ၃၀ အိတ် ၄၅၀၀ မှ ၆၀၀၀ အိတ်ကြား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သကြားဈေးအေးပေမယ့်  အရောင်းအဝယ်ပုံမှန်ရှိကြောင်း ကုန်သည်ကြီးတစ်ဦးမှ ပြောကြား ပါတယ်။

စိုးအောင်-မန္တလေး

Local Trade News

Pages