ဈေးကွက်စောင့်ကြည့်နေကြ၍ ကားအရောင်းအဝယ်အေးနေ

Mon, 01/23/2017 - 08:28 -- admin_ygn

နှစ်ဆန်းပိုင်း ဇန်နဝါရီလ၏ တတိယပတ်အခြေအနေ မှာ ပြီးခဲ့သည့်နှစ်ကုန်ခါနီး ယခင်လများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးကွက်အခြေအနေမဟုတ်တော့ဘဲ ကားအရောင်းအဝယ် ပြန်အေးနေကာ အခြေအနေ တစ်ရပ် အား လေ့ လာသည့် သဘောသာရှိကြောင်း သိရသည်။ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားအရောင်း စင် တာများနှင့်ပွဲစားတန်းများအပါအဝင် ကားရောင်းဝယ်နိုင် သည့် နေရာများအားလုံးတွင် အရောင်းအဝယ်ပြန်လည်အေး စက် သွားကြောင်း၊ ဝယ်ရောင်းများသာမက လတ်တလော သွင်းပြီး စီးလိုသူ၊ တစ်ပိုင်တစ်နိုင်တင်သွင်း ရောင်းချသူများပါ လုပ်ငန်းအားလုံး ရပ်တန့်သွားခြင်းမရှိသော်လည်း အခြေအနေ တစ်ရပ်အား စောင့်ကြည့်နေကြကြောင်း၊ လက်ထဲကားကိုင် ထားသူများကလည်း ရှိရင်းဈေးထက်^ခေါ်ဈေးထက်  လျှော့ မရောင်းနိုင်ကြဘဲ ဈေးကွက်လေ့လာနေကြခြင်းကြောင့် ရန်ကုန်သာမက မန္တလေး၊ နယ်ဈေးကွက်များ ပါ ပြန်လည် ၍ ဈေးကွက် အေးစက် လာ ရခြင်းဖြစ်ကြောင်း  ဝယ်ရောင်း အကျိုးဆောင် ကိုမြင့်ကျော်က ပြောသည်။
ရန်ကုန်ကားဈေးကွက်အတွင်း ယခုကဲ့သို့ ကားအရောင်း အဝယ်အေးစက်နေရသည့် အဓိကအကြောင်းရင်းမှာ သက်ဆိုင်ရာမှ ယာဉ်တစ်စီးချင်း ဆိပ်ကမ်းရောက်ဈေးနှုန်း ထုတ်ပြန်ပေးမှု မရှိသေးခြင်းကြောင့် လည်းဖြစ်ေ ကြာင်း မှာ  တစ်ချက်ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် သက်ဆိုင် ရာမှ ထုတ်ပြန်ခွင့်ပြုပေးခဲ့သည့် ယာဉ်အပ်နှံမှုစနစ်အား ခရီးသည်တင် မော်ဒယ်လ်နိမ့် ဘတ်(စ်)ကားဟောင်းများ၊  လူစီးစလစ်ထုတ်ပြန်ပေးမည့် အစီအစဉ် တစ် ရပ်ကြောင့် လည်း ဖြစ်နိုင်ကြောင်း၊ လတ်တလောမှာပင် အကျိုးသက် ရောက်မှုအနေဖြင့် ယာဉ်ဟောင်းအပ်နှံစလစ်များ ဈေးနှုန်း ကျဆင်းသွားပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင်သို့ ပြန်လည် ရောက်ရှိသွားကြောင်း၊ သို့ရာတွင် ကားတင် သွင်း မှုများမှာ အခြေအနေအရပ်ရပ်ကြောင့် ပြည်ပမှကားတင်သွင်းမှုလျော့ ကျသွားပြီး၊ လက်ရှိဈေးကွက်ဝင် ကားများဖြစ်သော ဖရီး ပါမစ်ကားငယ်များနှင့် ကလူဂျာ၊ အာလ်ဖတ်စသည့် အင်ဂျင် ပါဝါကြီး ဝက်ဂွန်ကားများမှာလည်း အတက်ဈေးတန်းများ နှင့်ပင် အရောင်းအဝယ်အေးသွားကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ် တက္ကစီများ၏ ကဏ္ဍသည်လည်း ပါဝင်လာပြီး ယခင်နံပါတ် အနက် ကိုယ်ပိုင်ယာဉ်မှ အက္ခရာတက္ကစီအဖြစ် ပြောင်းလဲ ထားသော ယာဉ်များအားလုံး မူလကိုယ်ပိုင် ယာဉ် နံပါတ် အနက်သို့ ပြန်လည်ပြောင်းလဲရမည်ဟု တိုင်းဒေသကြီးနှင့် သက်ဆိုင်ရာမှ ညွှန်ကြားချက်အရ ဆောင်ရွက်သွားပါက ဈေးကွက်ထဲတွင် နံပါတ်အနက်ယာဉ်များ ပြန်ရောက်လာ မည်ဖြစ် ၍ ဈေးတန်း အရ ဈေးကွက် အနည်း ငယ်ပိုအေးလာ နိုင်ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများက ပြောသည်။
                                SN

 

Local Trade News