ဆားလင်းကြီးမြို့နယ်၊ ဆားခါးကျေးရွာမှ သင်ဖျာများထုတ်လုပ်

Thu, 07/21/2016 - 06:49 -- admin_ygn

ဆားလင်းကြီးမြို့နယ်၊ ဆားခါးကျေးရွာမှ သင်ချောဖျာများ ရက်လုပ် ပြီး မုံရွာနဲ့ မန္တလေးဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ကုန်ကြမ်းအဖြစ်သုံးတာကတော့ သင်ပင်နဲ့ အနားကွပ်တဲ့ ကတ္တီပါစ ပါ။ သင်ပင်ကို ကသာ၊ မော်လိုက်၊ ဖောင်းပြင်ကနေ ဝယ်ပါတယ်။ သုံး ထောင့်ထွာရှိတဲ့ အပင်၄၀၀ပါ တစ်စည်းကို ကျပ် ၃၅၀၀ကနေကျပ် ၅၀၀၀ ထိ ပေးဝယ်ရပါတယ်။ အနားကွပ်ပါတဲ့ ကတ္တီပါတစ်ကိုက်ကို ကျပ် ၇၀၀ ကနေ ကျပ် ၁၀၀၀အထိ ပေးရပါတယ်လို့ ဆားခါးကျေးရွာမှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးက ပြောပါတယ်။သင်ချောင်းရေ ၄၀၀ပါတစ်စီးကို ရက်လုပ်ရင် ဖျာတစ်ချပ်ရကြောင်း၊ ရောင်းဈေးက (၆ပေ ထ ၄ပေ) (၆ပေ ထ ၄ပေခွဲ) တစ်ချပ်ကို ကျပ် ၂၀၀၀၀ နဲ့ အသေး (၆ပေ ထ ၃ပေခွဲ)တစ်ချပ်ကို ကျပ် ၁၃၀၀၀နဲ့
တစ်ယောက် အိပ် (၆ပေ ထ ၂ပေခွဲ)ကို ကျပ် ၉၀၀၀မှ ကျပ် ၁၀၀၀၀ အထိ ရောင်းချကြောင်း သိရပါတယ်။ အနားကွပ်ပါတဲ့ဖျာတစ်ချပ်ကို ကျပ် ၂၀၀၀ သို့မဟုတ် ကျပ် ၃၀၀၀လောက် ဈေးပိုရတယ်လို့လည်း သိရပါတယ်။ ဆားခါးကျေးရွာ မှာ သင်ဖျာရက်လုပ်သူဦးရေ ၂၀၀ ခန့်ရှိပြီး၊ အမြတ်အနေဖြင့် တစ်ရက်ကို ကျပ် ၂၅၀၀နီးပါး ရရှိကြောင်း သိရပါတယ်။
                                    
  စွမ်းရည် (ယင်းမာပင်)

Local Trade News

Pages