ဆားလင်းကြီးမြို့နယ်တွင် ဆောင်းကြက်သွန်နီစိုက်ခင်းများအောင်မြင်စွာဖြစ်ထွန်း

Fri, 03/24/2017 - 08:09 -- admin_ygn

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ဆောင်းကြက်သွန်နီများ အများ အပြားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ဆားလင်းကြီးမြို့နယ်တွင် ဆောင်းကြက်သွန်နီ စိုက်ဧကသုံးသိန်းကျော်ရှိပါသည်။ပျိုးထောင်ဆဲကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ခင်းများပျက် စီးဆုံးရှုံးခဲ့ရသော်လည်း မတ်လကုန်နှင့် ဧပြီလဆန်းပိုင်းတွင် ထွက်ရှိမည့် ဆောင်း ကြက်သွန်နီစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း  သိရှိရပါသည်။ ယခင်နှစ်က ဆောင်းရာသီစိုက်ြကေက်သွန်နီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ခန့် ရှိပြီး ယခုနှစ်ဆောင်းကြက်သွန်နီထွက်ပေါ်ချိန်တွင် တစ်ပိဿာလျှင်ကျပ် ၆၀၀မှ ကျပ် ၇၀၀ခန့်ရရှိရန် မျှော်မှန်းထားကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ လက်ရှိမုံရွာဈေးကွက်တွင် ကြက်သွန်နီလက်ကားထိပ်စတစ်ပိဿာ လျှင် ကျပ်၆၀၀ရှိပြီး လက်လီထိပ်စတစ်ပိဿာလျှင် ကျပ်၈၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိရပါတယ်။                                                        လင်းလင်းသန့်