ဆန်ကြမ်းအရောင်းအဝယ်သွက်လို့ ဈေးတက်

Wed, 05/17/2017 - 07:56 -- admin_ygn

ယခုတစ်ပတ် ရန်ကုန်မြို့ ဝါးတန်းဆန်ဈေးကွက်ရဲ့ ဆန်လက်ကားဈေးနှုန်းများအရ  ဆန်ချောဈေးငြိမ်ပြီး ဆန်ကြမ်း ဈေးတက်ကြောင်း သိရပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ လတ်စတစ်အိတ် လျှင်  ကျပ် ၃၄၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်လျှင် ကျပ် ၃၆၅၀၀၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၄၀၀၀၊နယ်စုံကျိုက်လတ်ပေါ်ဆန်းဆန်ထိပ်စတစ်အိတ် လျှင် ကျပ် ၃၃၀၀၀၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၁၀၀၀ နဲ့ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပါတယ်။ ရွှေဘို ပေါ် ဆန်းဆန်အသစ်ကတော့  တစ်အိတ်လျှင် ကျပ် ၄၂၀၀၀ မှ ကျပ် ၄၅၀၀၀ ရှိပြီး ယခင်တစ်ပတ်ဈေးထက်တစ်အိတ်ကို ကျပ်၁၀၀၀ ခန့်ဈေးတက်ပါတယ်။

ဧည့်မထဆန်ထိပ်စတစ်အိတ်လျှင် ကျပ် ၂၀၅၀၀၊ လတ်စတစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ နွေဆန်ရက် ၉၀ တစ်အိတ်လျှင်ကျပ် ၂၁၀၀၀မှ ကျပ် ၂၂၀၀၀ဖြစ်ပြီး ယခင် တစ်ပတ်ဈေးထက်တစ်အိတ်ကို ကျပ် ၁၀၀၀မှကျပ်၂၀၀၀ အထိ ဈေးတက်ပါတယ်။  နွေသီးထပ်ရှယ်တစ်အိတ်လျှင် ကျပ်၂၀၀၀၀ မှ ကျပ် ၂၀၅၀၀၊  မနောသုခတစ်အိတ်လျှင် ကျပ် ၂၄၀၀၀မှ ကျပ် ၂၅၀၀၀၊ အိတ်စ်ပို့ ၂၅ မှတ်ဆန်တစ် အိတ်လျှင် ကျပ် ၁၆၅၀၀ မှ  ကျပ် ၁၆၈၀၀ နဲ့ယခင်တစ် ပတ်ဈေးအတိုင်းရှိပါတယ်။

ယခုတစ်ပတ်မှာ မြို့တွင်းဆန်ဈေးကွက်မှာအရောင်း အဝယ်အေးသော်လည်း တရုတ်နိုင်ငံမှ  ဆန်ကြမ်းအဆွဲ များတာကြောင့် ဆန်ကြမ်းအရောင်းအဝယ်ဖြစ်ပြီး ဈေး မြင့်တက်လာကြောင်း ဝါးတန်းဆန်ဈေးကွက်မှသိရပါတယ်။

မူဆယ်ဆန်ဈေးကွက်မှာ ဧည့်မထ ၅မှတ် မှော်ဘီ တစ်အိတ် ၁၃၅ ယွမ်မှ ၁၃၉ ယွမ်၊ ဧည့်မထ ၅ မှတ်စူပါတစ် အိတ်  ၁၃၂ ယွမ်မှ ၁၃၆ ယွမ်၊ ဧည့်မထ ၁၀ မှတ်မှော်ဘီ တစ်အိတ်  ယွမ် ၁၃၀ မှ ၁၃၁ ယွမ်၊ ဧည့်မထ ၂၅ မှတ်တစ် အိတ် ၁၁၆ ယွမ်မှ ၁၁၈ ယွမ်၊ ငစိန် ၅ မှတ်တစ်အိတ် ၁၂၂ ယွမ်မှ ၁၂၄ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၁၈ ယွမ်မှ ယွမ် ၁၂၀၊ ငစိန် ၂၅ မှတ်တစ်အိတ် ၁၁၂ ယွမ်မှ ၁၁၄ယွမ် ရှိပါတယ်။ မြို့တွင်းနယ်စုံမှ  မူဆယ်သို့ဆန်အဝင်မှာ မေ ၅ရက်မှ ၁၁ ရက်အထိ ဆန်တန်ချိန် ၃၁၆၈၄ တန်ရှိ ကြောင်း သိရပါတယ်။ 

ယဉ်ယဉ်အေး

Local Trade News

Pages