စစ်ကိုင်းတိုင်းဒေသကြီး၌ စပါး၊ဆန်အသစ်များ ဈေးကွက်သို့ဝင်ရောက်

Mon, 12/15/2014 - 11:52 -- admin_ygn

  စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၄-၂၀၁၅ ခုနှစ် မိုးစပါးလျာထားစိုက်ဧက ၁၈ ဒသမ ၆ သိန်းကျော်မှ ဧက ၁၇ ဒသမ ၄ သိန်းကျော်စိုက်ပျိုးခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၉၄ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးစိုက်ပျိုးသော စပါးမျိုးများမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ စောရှုတ်၊ မှော်ဘီ၊ ဆင်းဧကရီ-၃၊ ဆင်းသွယ်လတ်၊ ရွှေ သွယ်ရင်၊ ဆင်းနွယ်ရင်၊ ပုလဲသွယ်၊  မနော်နှင့်  ခွန်လေးခွန်စပါးများဖြစ်ပါတယ်။
 စိုက်ဧက ၁၇ ဒသမ ၄ သိန်းကျော်အနက် ယနေ့ထိ ဧက ၄ သိန်းခန့် ရိတ်သိမ်းပြီးဖြစ်ရာ မိုးစပါးတစ်ဧက ပျမ်းမျှအထွက် ၈၃ တင်း ဖြစ်ပါတယ်။ တစ်ဧကပျမ်းမျှကုန်ကျစရိတ် များမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ ရွှေသွယ်ရင်၊ ဆင်းသွယ်ရင် စပါးများအနေနဲ့ ကျပ်နှစ်သိန်းသုံးသောင်းဝန်းကျင်၊ ပုလဲသွယ်စပါးမှာ ကျပ်နှစ်သိန်းခြောက်သောင်းကျော်၊ မနော်နဲ့ ၇၄၇ စပါးများက နှစ်သိန်းဝန်းကျင် ကုန်ကျပါတယ်။ စပါး၊ ဆန်အသစ်များ ဈေးကွက်သို့ဝင်ရောက်လာပြီဖြစ်ရာ အသစ်ဈေးများမှာ ပေါ်ဆန်းစပါး တစ်တင်း ၇၅၀၀ ကျပ်၊ ၈၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၂၅၅၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်၊ ဧရာမင်း စပါးတစ်တင်း ၅၅၀၀ ကျပ်၊ ဆန်တစ် အိတ် ၁၈၀၀၀ ကျပ်၊ မှော်ဘီစပါးတစ်တင်း ၅၁၀၀ ကျပ်၊ ဆန် တစ်အိတ် ၂၀၅၀၀ ကျပ် ဈေးအသီးသီးဖွင့်နေပြီဖြစ်ပါတယ်။

သန်းသန်းတင်-မုံရွာ