စစ်ကိုင်းတိုင်းဒေသကြီးမှ ဆောင်းစိုက်ဂျုံများ ဈေးကွက်အတွင်းသို့ ဝင်ရာက်လာ

Fri, 05/06/2016 - 07:26 -- admin_ygn

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံကို ၂ ဒသမ ၁ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ အဆိုပါလျာထားချက်အနက် ၁ ဒသမ ၇၇ ဧကသိန်းစိုက်ပျိုးပြီးဖြစ်လို့ ၈၄ ဒသမ ၂၆ ရာခိုင်နှုန်းစိုက်ပျိုးပြီးကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလ ဒုတိယပတ် မှာ အထွက်လှိုင်ပြီး မုံရွာဈေးကွက်သို့ နေ့စဉ် အိတ်ရေ ၃၀၀၀ ခန့် အလုံးအရင်းဝင်ရောက် ပြီဖြစ်ပါတယ်။ ဂျုံဖြူသန့်နဲ့ ဂျုံထွက်တိုး နှစ်မျိုးစိုက်ပျိုးပြီးလက်ရှိဈေးမှာ ဂျုံဖြူသန့် တစ်တင်း ၁၆၀၀၀ ကျပ်၊ ဂျုံထွက်တိုး တစ်တင်း ၁၂၅၀၀ ကျပ် ဈေး ရှိ ကြောင်း သိရပါ တယ်။ ဂျုံကိုဒေသတွင်း လုပ်ငန်းသုံး ဂျုံစက်များမှ ဝယ်ယူမှုရှိသလို၊ ဦးကြူ စတဲ့ ဂျုံစက်ကြီးများ အမှာအော်ဒါအရ ဝယ်ယူတဲ့ကုန်သည်များလည်းရှိ ကြောင်း သိရပါတယ်။ ဂျုံသီးနှံ ဟာ ပြည် တွင်း ဈေးကွက်သာရှိပြီး ပဲမျိုးစုံသီးနှံများ လောက်ဈေးမမြင့်တဲ့အတွက် ဂျုံစိုက်တောင်သူ နှစ်စဉ်လျော့နည်းလာကြောင်း  ကုန်သည်တစ်ဦးက ပြောပြပါတယ်။                                

     အောင်မင်း-တန့်ဆည်

Local Trade News

Pages