စက်တင်ဘာ တတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်းသီးနှံ ပုံမှန်အရောင်းအဝယ်ဖြစ်သလို ကုလားပဲနှင့်ပဲကြီးသီးနှံဈေးကောင်းဆက်ရ

Mon, 09/25/2017 - 05:42 -- admin_ygn

     စက်တင်ဘာ တတိယပတ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲနှင့်ပဲစင်းငုံသီးနှံမှာ အရောင်း အဝယ်အေးလျက်ရှိကာ ပြည်ပဝယ်လက် ပဲတီစိမ်းသီးနှံက တော့ နေ့စဉ်မန္တလေးလိုင်းသမားများ အဝယ်လိုက် လျက် ရှိ လို့  အိတ် ၂၀၀ကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ပြည်အနီးတစ်ဝိုက်ဒေသများမှ  ပဲတီစိမ်းသစ်များ အဝင်ဆက်တိုက်ရှိခဲ့ ပြီး လက်ကျန်လည်းရှိလို့ လိုသလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ လလယ် ကဖြစ်ေ ပါ်ခဲ့ တဲ့ဈေးထက်  အနည်းငယ်  လျော့နည်းကျဆင်းသွားခဲ့တာ ကြောင့် ပဲတီစိမ်းသီးနှံတစ်တင်း ကျပ် ၂၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။မတ်ပဲနှင့်ပဲစင်းငုံသီးနှံများအနက်  ငွေလို၍ရောင်းချ သူအချို့ရှိခဲ့တဲ့အတွက် မတ်ပဲအိတ် အနည်းငယ်သာကျဈေး နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံသီးနှံကတော့  အရောင်း အဝယ်သိပ်မဖြစ်ဘူးလို့သိရပါတယ်။ ယခုတစ်ပတ်အတွင်း မတ်ပဲတစ်တင်းကျပ်၂၀၀၀၀၊ ပဲစင်းငုံ တစ်တင်း ကျပ် ၁၃၅၀၀ ဖြင့် ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်စီပိုရခဲ့ပါတယ်။ပဲကြီးသီးနှံမှာ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ် သော်လည်းအိတ် ၂၀၀ ကျော်နေ့စဉ်အဝယ်ရှိပြီး ပဲကြော် ဖိုလုပ်ငန်းသမားများနဲ့ အရောင်း အဝယ်ဖြစ် ခဲ့ ကြသလို မျိုး ပဲဝယ်ယူသူများလည်း ရှိခဲ့ကြတာကို တွေ့ရပါတယ်။ ပဲအဝင် အနည်းငယ်ရှိခဲ့ပြီး လက်ကျန် ပဲများရှိကြတဲ့အတွက် ဝယ်လို အားရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ပဲဈေးမှာ ဈေးငြိမ်နေပြီး (ရွှေကျွန်း) တစ်တင်းကျပ် ၅၅၀၀၀၊ (ကမ်းနား) တစ်တင်းကျပ် ၅၀၀၀၀ နှင့် မျိုးပဲတစ် တင်းကျပ် ၆၀၀၀၀  နဲ့ အရောင်းအဝယ်   ဖြစ်ခဲ့ပါတယ်။ ပဲဈေးကွက်အတွင်းမှာ   ယခုချိန်ထိ  ပဲကြီးသီးနှံဟာ ဈေး အမြင့်ဆုံးမှာ ရပ်တည်နေခဲ့ကာ ကုလားပဲ နဲ့ ပဲကြီးသီးနှံများ မှာ ဈေးလည်းကောင်း၊ အရောင်းအဝယ်လည်း အခြားပဲများ နှင့် ယှဉ်လျှင်သွက်နေခဲ့ပြီး ပဲတီစိမ်းသီးနှံမှာတော့ အရောင်း အဝယ်သွက်သော်လည်း ဈေးအေးနေခဲ့တယ်လို့ သိရပါ တယ်။လက်လီ ပဲများဖြစ်တဲ့ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်သီးနှံ များမှာ လက်လီ ဝယ်ယူသူများနဲ့ ပုံမှန်အိတ်အနည်းငယ်စီ ရောင်းဝယ်ခဲ့ကြသော်လည်း ပဲပုပ်သီးနှံမှာ   ဈေးပိုရလာလို့ တစ်တင်းကျပ် ၂၉၀၀၀နဲ့  လလယ်ကဈေးထက်တစ် တင်း ကျပ် ၁၅၀၀ ခန့်ပိုရလာခဲ့ပါတယ်။ ဘိုကိတ်၊ ပဲလွန်းဖြူသီးနှံများ ကတော့ ယခင်တစ်ပတ်ရဲ့ဈေးအတိုင်း ဈေးဆက်ငြိမ်လျက် ရှိခဲ့ကာ ဘိုကိတ်ပဲ သီးနှံတစ်တင်း ကျပ် ၂၇၀၀၀၊ ပဲလွန်းဖြူ သီးနှံတစ်တင်းကျပ် ၃၈၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်နှစ်ကာလတူက ပဲပုပ်တစ်တင်းကျပ် ၂၂၀၀၀၊ ဘိုကိတ် တစ်တင်းကျပ် ၂၅၀၀၀၊ ပဲလွန်းဖြူတစ်တင်းကျပ် ၂၄၀၀၀ တို့ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် ယခုနှစ်ဈေးနှုန်းများ အရ အဆိုပါပဲအားလုံး ဈေးကောင်းရခဲ့ ကြောင်း သိရပါတယ်။ ပြည်ပဲမျိုးစုံဈေးကွက်မှာ   ယခုနှစ်အတွင်း မတ်ပဲ၊ ပဲစင်းငုံ သီးနှံများမှအပ ကျန်ပဲအားလုံးလိုလို  ဈေးကောင်းရတဲ့နှစ် ဖြစ်ကြောင်းသိရပါတယ်။              

ခင်ဆွေဝင်း

 

 

Local Trade News

Pages