ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး၌ အသိပညာပေးဟောပြောပွဲ၊ ကုန်စည်ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Fri, 02/05/2016 - 04:06 -- admin_ygn

ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးအနေဖြင့်  ဌာနရဲ့ လုပ်ငန်း တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ  နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်မည့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနဲ့ အရာထမ်း၊ အမှုထမ်းများတွေ့ဆုံ၍ လုပ်ငန်း ညှိ နှိုင်း အစည်းအဝေးကို ဇန်နဝါရီလ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကုန်စည်ပြပွဲနှင့်အလုပ်ရုံဆွေးနွေးပွဲ ဦးစီးကော်မတီ၊ ကျင်းပရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီနှင့် ဆပ်ကော်မတီများ မှ ဖိတ်ကြားရေး၊ ပြခန်းများဆောက်လုပ်ရေး၊ ပြခန်းများ စနစ်တကျ ပြသနိုင် ရေးနဲ့ ပြသမည့်လုပ်ငန်းရှင်များအဆင်ပြေစေရေး၊ ကြော်ငြာကိစ္စများ၊ ကုန်ကျစရိတ်များ ခန့်မှန်းတွက်ချက် ဖော်ပြနိုင်ရေး အစရှိသည့် လုပ်ငန်းများ အား တင်ပြဆွေးနွေးခဲ့ကြပြီး ယခင်ကျင်းပခဲ့သော လုပ်ငန်းအတွေ့အကြုံများမှ အားသာချက်၊ အားနည်းချက်များကို နမူနာယူ၍ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေး အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးက ဇန်နဝါရီ ၂၈ ရက်တွင် မတ္တရာမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌ စားသုံးသူ  အကာအကွယ်ပေးရေး    အသိပညာ ပေးဟောပြောဆွေးနွေးပွဲ၊   ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကန်တော်ကြီး တွင် ကျင်းပပြုလုပ် မည့် သစ်သီးဝလံနှင့်ပန်းမာန်ပြပွဲ၌ မိမိတို့ဌာနမှ သွားရောက်ပြမည့်ကုန် သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူအကာ အကွယ်ပေးရေးဆိုင်ရာပြပွဲ၊ ဖေဖော် ဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ အမျိုးသားကဇာတ်ရုံ၌မိမိတို့ဌာနမှဦးဆောင်၍ ကျေးလက်ဒေသ အသေးစားထုတ်ကုန်များနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုး တက်ရေး ကုန်စည်ပြပွဲ၊ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ၊ အသေးစားအလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ၊ ကြက်သွန်နီဈေးကွက်တည်ငြိမ် ရေးနှင့် တောင် သူများအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေမည့် အလုပ်ရုံဆွေးနွေးပွဲများ စသည့်လုပ်ငန်းများကို ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည့် ကျေးလက်ဒေသ အသေးစား ထုတ်ကုန်များနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ် ကုန်ပစ္စည်းများအား ခင်းကျင်းပြသရောင်းချလိုပါက ဆိုင်ခန်းနေရာ ငှားရမ်းခြင်းကိုချမ်းအေး သာစံမြို့နယ်၊ ၃၅ လမ်းနှင့် ၆၅ လမ်းတောင့်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး၊ ဖုန်း ၀၂-၃၆၃၄၀ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိပါတယ်။                                                           

 မျိုးထွန်း-မန္တလေး

Local Trade News