ကသာ သကာရည်ဈေးကွက်

Tue, 01/20/2015 - 14:48 -- admin_ygn

   ''ဒီမှာတော့ ကြံကိုလွန်ခဲ့တဲ့ တစ်လလောက်ကတည်းက စခုတ်ခဲ့ပါတယ်။ တစ်ဧက ၂၈ တန်လောက်ထွက်မယ်။ အချောင်းလိုက် ထီးချိုင့်မြို့နယ်၊ မောင်းကုန်းသကြားစက်ကို တင်ပို့တယ်။ ကြံတစ်တန် ၄၀၀၀၀  ကျပ်ဈေးရတယ်ဆိုပေမယ့်၊ ခုတ်ခ ၃၅၀၀၊ ကားတင်ခ ၂၅၀၀၊ ဟိုအရောက်ကားခ ၁၆၅၀၀ ကို တောင်သူက ကုန်ကျခံရတာဆိုတော့ တစ်တန် အမြတ် ၁၇၅၀၀ ကျပ်ပဲရှိပါတယ်။ တချို့ကို ဒီမှာပဲ သကာရည်ချက်ပြီး မန္တလေးကိုတင်ပို့တယ်။ ကြံချက်ဖို ၈-၁၀ ခုလောက်ရှိမယ်။ ကြံကြိတ်ခုံတချို့လည်း ပိုကောင်းအောင် ပြုပြင်နေ ကြတုန်းပဲ။ လွန်ခဲ့တဲ့လဝက်က တစ်ရက်ကို ၄-၅ ပိုင်းလောက်တင်ပို့ နိုင်ခဲ့တယ်။ ခုတော့ ၁၅၀၀-၂၀၀၀ လောက်ရှိ နေပါပြီ။ နှစ်စဉ်တော့ ပိဿ    ာချိန် ၅၁ သိန်းကျော်ပါတယ်။ အရင် တစ်ပတ်ကထက် ပွက်ရည်ဈေး ၂၀ ကျပ်တက်ခဲ့လို့ ခုဆိုတစ်ပိဿ     ာ  ၄၈၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်''လို့ ကြံတောင်သူတစ်ဦးကပြောပါတယ်။

စွမ်းရည်-ကသာ

Local Trade News