ကသာခရိုင်ထွက် ကျွဲကောသီးများ ဈေးကောင်းရလို့ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်သင့်

Fri, 01/06/2017 - 04:36 -- admin_ygn

ကသာခရိုင်အတွင်းရှိ မြို့နယ်များ မှာ ကျွဲကောသီးကို ဥယျာဉ်ခြံကြီးများနဲ့ အများအပြားစိုက်ပျိုးမှုမရှိဘဲ အိမ်ဝင်း ခြံဝင်းများမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြတာ တွေ့ရပါတယ်။ ကသာခရိုင်ရဲ့ ရေမြေသဘာဝအရ ကျွဲကောသီးစိုက် ပျိုးဖြစ်ထွန်းပြီး အလုံးလှ အရသာ ကောင်းမွန်ပါတယ်။ နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလမှာ ကုန်သည်များ လာရောက် ဝယ်ယူကြပြီး မန္တလေး၊ ရွှေဘို၊ မုံရွာ ဈေးကွက်သို့ တင်ပို့နေကြောင်း ဈေး ကွက်မှ သိရပါတယ်။ကျွဲကောပင် မှာ နှစ်ရှည်သီးနှံဖြစ် ပြီး ပြည်ပပို့ကုန်ဖြစ်တဲ့အတွက် ရေ ရှည်အကျိုးဖြစ်ထွန်းတဲ့ သီးနှံဖြစ်ပါ တယ်။ ကျွဲကောပင်  သက်တမ်းမှာ ၁၅ နှစ် ဖြစ်ပါတယ်။ စိုက်ပျိုးချိန်မှ ၁၀ နှစ်ဆို  အသီးစသီးပြီး ငါးနှစ်တိုင် အကျိုးခံစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ဒေသဈေး တစ်လုံး ၅၀၀ ကျပ်ရှိပြီး မန္တလေးဈေးကွက်မှာ ၈၀၀ ကျပ်မှ ကျပ် ၂၀၀၀ အထိ ရောင်းရတယ်လို့ ဈေးကွက်မှ သိရပါတယ်။ ကျွဲကော သီးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကောင်းကျိုး ၁၀ မျိုးရရှိလို့ လူအများ ကြိုက်နှစ်သက်စွာ စားသုံး ကြပါတယ်။ ရေမြေရာသီနဲ့ ကိုက်ညီ၊ ကုန်ထုတ်လမ်းများလည်း ကောင်းမွန်၊ ဈေးကွက်ခိုင်မာပြီး လူကြိုက်များတဲ့ သီးနှံဖြစ်လို့ ဥယျာဉ်ခြံများဖြင့် စိုက်ပျိုး ထုတ်လုပ်ပါက အကျိုးဖြစ် ထွန်းနိုင် တယ်လို့ ကျွဲကောသီးကုန်သည်များထံ က သိရပါတယ်။