ကန့်ဘလူမြို့နယ်၏ ပဲတီစိမ်းသီးနှံ ဈေးနှုန်းဈေးကွက်

Thu, 07/11/2024 - 06:31 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ထန်းကုန်း ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းကို စိုက်ပျိုး ကြကြောင်း သိရသည်။

   လက်ရှိအချိန်တွင် ပဲတီစိမ်းများ ဈေးကွက်အတွင်း ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဇူလိုင်လ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ ပဲတီစိမ်း(ထွက်တိုး) တစ်တင်းလျှင် ကျပ် ၅၈,၀၀၀ ၊ ပဲတီစိမ်း(ထွက်တိုး) အလုံးလှတစ်တင်းလျှင် ကျပ် ၆၁,၀၀၀ ဖြစ်ပြီး ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူ ခရိုင်မှ ထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် ပဲတီစိမ်းဈေးနှုန်းသည် ယခင်နှစ်ထက် ပိုမိုကောင်းမွန်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ သောကြောင့် ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)