ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အီးယူကဆက်လက်ကူညီပံ့ပိုးသွားမည်

   ၂၀၁၄-၂၀၂၀ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ကူညီပံ့ပိုးနိုင်ရန် ယူရို သန်း ၆၉၀ ခန့်သုံးစွဲသွားရန်လျာထားကြောင်း ၂၀၁၄ ခုနှစ်အတွင်း ဥရောပကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

   လွန်ခဲ့သောနှစ်များတွင် အီးယူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပညာရေး၊ လူမှုရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကောက်ခံခြင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်း၊ ကျန်းမာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးစသည့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ နည်းလမ်းမျိုးစုံအပေါ် ကူညီပံ့ပိုးမှုပေးခဲ့ပါသည်။ ၂၀၀၇-၂၀၁၃ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အား အီးယူ၏ ကူညီထောက်ပံ့မှုပမာဏ စုစုပေါင်းမှာ ယူရို သန်း ၄၀၃ ခန့်ရှိခဲ့ပါသည်။ ၂၀၁၄-၂၀၂၀ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ဘဏ္ဍာငွေထောက်ပံ့မှုပေးနိုင်ရန် အီးယူ၏လျာထားချက်မှာ ဒီမိုကရေစီအစိုးရခိုင်မာလာစေရေး (ယူရိုသန်း ၁၀၃-၁၃၈၊ စုစုပေါင်းထောက်ပံ့ငွေ၏ ၁၅ ရာ ခိုင်နှုန်း - ၂၀ ရာခိုင်နှုန်း)၊ အစားအစာနှင့် အာဟာရ ဓာတ်ပြည့်ဝဖူလုံရေး (ယူ ရို သန်း၂၇၆-၃၁၀၊ စုစုပေါင်း ထောက်ပံ့ငွေ၏ ၄၀ ရာခိုင်နှုန်း- ၄၅ ရာခိုင်နှုန်း) ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး (ယူရိုသန်း ၂၇၆-၃၁၀၊ စုစုပေါင်း ထောက်ပံ့ငွေ၏ ၄၀ ရာခိုင်နှုန်း- ၄၅ ရာခိုင်နှုန်း) နှင့် အခြားသောပံ့ပိုးမှုနည်းလမ်းများ (ယူရို၇သန်း၊ စုစုပေါင်း ထောက်ပံ့ငွေ၏ ၁ ရာခိုင်နှုန်း) တို့ဖြစ်ကြပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့