၂၀၁၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် ဆွစ်ဇာလန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများက ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟုထုတ်ဖော်ကြေညာ

   အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Ms.Penny Pritzker၊ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Tom Pere၊ သမ္မတအိုဘားမား၏ အဆင့်မြင့် အကြံပေးပုဂ္ဂိုလ် Ms. Valerie Jarrett၊ National Economic Council (NEC) မှ ညွှန်ကြားရေးမှူး Mr. Jeff  Zients တို့သည် ဆွစ်ဇာလန်နိုင်ငံ ဒုတိယသမ္မတနှင့် စီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ အား ဇန်နဝါရီလ ၁၃ ရက် နေ့က ဝါရှင်တန်မြို့တွင်တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။

  ယင်းသို့တွေ့ဆုံဆွေးနွေးစဉ် ဆွစ်ဇာလန် စီးပွားရေးလုပ်ငန်းရှင်ရှစ်ဦးက အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ ဒေါ်လာ ၃ ဘီလီယံရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများကို ထုတ်ဖော်ကြေညာခဲ့ပါသည်။ ထို့အပြင် job-driven workforce training initiatives များ၏ အရေးကြီးပုံနှင့် ယင်း training initiatives များ၏အကျိုးကျေးဇူးကြောင့် အမေရိ ကန်နိုင်ငံတွင် လုပ်ငန်းရှင်များသည် ကျွမ်းကျင်လုပ်သားများကို လုံလောက်စွာရရှိစေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်စေနိုင်သည့်အချက်တစ် ချက်ဖြစ်ကြောင်းလည်း ထည့်သွင်းဆွေးနွေးကြပါသည်။

   အမေရိကန်နိုင်ငံနှင့်ဆွစ်ဇာလန်နိုင်ငံတို့သည် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး စတင်ခဲ့သည်မှာ နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံနှစ်စဉ် ကုန်သွယ်မှုသည် ဒေါ် လာ ၁၀၀ ဘီလီယံနီးပါးရှိပြီး အမေရိကန်နိုင်ငံတွင် ဆွစ်ဇာလန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၆၅ ဘီလီယံ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၁၄၀ ဘီလီ ယံသို့တိုးတက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ ဆွစ်ဇာလန်နိုင်ငံဖြစ်ကြောင်း အမေရိကန်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဝါရှင်တန်မြို့