ဒေါ်လာစျေးကျခြင်းနှင့် အမေရိကန်၏ အတိုးနှုန်းလျော့ချနိုင်ချေများကြောင့် ရွှေဈေးတစ်အောင်စလျှင် ဒေါ်လာ ၃,၈၀၀ ကျော်သို့ မြင့်တက်

အ​မေရိကန်ဒေါ်လာစျေးနှုန်းကျဆင်းမှုနှင့် ယခုနှစ်အတွင်း ဗဟိုဘဏ် (Federal Reserve) မှ အတိုးနှုန်းများ ထပ်မံလျှော့ချမည်ဟု မျှော်မှန်းချက်များကြောင့် တနင်္လာနေ့တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၈၀၀ကျော်အထိ မြင့်တက်ခဲ့ပါသည်။ ယင်းမှာ ရွှေတစ်အောင်စလျှင် ၁.၅ဈေးတက်လာခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွက် အမေရိကန် ရွှေ Future ပေါက်ဈေးသည် ၀.၉ % တိုးကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၈၄၄ အထိ တက်ခဲ့ပါသည်။

အမေရိကန် ဒေါ်လာညွှန်းကိန်းသည် အခြားသောငွေကြေးများနှင့် နှိုင်းယှဉ်ပါက ၀.၂ ကျဆင်းနေပြီး အမေရိကန်ဒေါ်လာဖြင့်ရောင်းသော ရွှေကို ပြည်ပမှဝယ်ယူပါက ဈေးနည်းမည်ဖြစ်သည်။ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရ တစ်ဦးချင်းအသုံးစရိတ်ဈေးနှုန်းညွှန်းကိန်း (Personal Consumption Expenditure Price Index) သည် ဇူလိုင်လတွင် ၀.၂ % နှင့် ဩဂုတ်လတွင် ၀.၃ % တက်ခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ ငွေကြေးဖောင်းပွမှု ညင်သာခြင်းကြောင့် ဗဟိုဘဏ်က အောက်တိုဘာမှ ဒီဇင်ဘာအတွင်း အတိုးနှုန်း ထပ်မံလျှော့ချနိုင်ကြောင်း၊ ရွှေဈေးသည် ယခုအပတ်အတွင်း မှတ်တမ်းတင် တက်လာနိုင်ပြီး သတိထားရန်လိုကြောင်း စီးပွားရေးလေ့လာသူတစ်ဦးက ခန့်မှန်းထားသည်။ ကုန်သည်များက ဗဟိုဘဏ်သည် အတိုးနှုန်းကို အောက်တိုဘာလတွင် ၉၀ % နှင့် ဒီဇင်ဘာလတွင် ၆၅ % လျှော့ချမည်ဟု ခန့်မှန်းထားကြပါသည်။ 

ရွှေသည် အတိုးနှုန်းနိမ့်ကျသောပတ်ဝန်းကျင်၊ ပထဝီနိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုကာလများတွင်အရောင်းရဆုံးကုန်ပစ္စည်းဖြစ်ပါသည်။ ပြီးခဲ့သည့်တနင်္လာနေ့မှစ၍ အာရှရှယ်ယာဈေးကွက်များ သတိကြီးစွာဖြင့် လည်ပတ်ခဲ့ကြပြီး အမေရိကန်၌ ရင်းနှီးမြှုပ်နှံသူများက အစိုးရယန္တယားရပ်နားနိုင်​ခြေအပေါ် ကြိုတင်ပြင်ဆင်ထား​ကြပါသည်။ ငွေဈေးသည် တစ်အောင်စလျှင် ၄၇.၀၄ ဒေါ်လာဖြင့် ၂.၃ % ၊ ပလက်တီနမ်ဈေးသည် ၁,၆၂၃.၈၈ ဒေါ်လာဖြင့် ၃.၆ % နှင့် ပလက်ဒီယမ်ဈေးသည် ၁,၂၉၅.၁၉ ဒေါ်လာဖြင့် ၂ % ခန့်အသီးသီး မြင့်တက်ခဲ့ပါသည်။

ရင်းမြစ်။        http://thesun.my /world-news