ဆွစ်ဇာလန်နိုင်ငံက အမေရိကန်အပေါ် အပြန်အလှန်အကောက်ခွန် ကောက်ခံမည်မဟုတ်

 

ဆွစ်ဇာလန်နိုင်ငံ၏ သမ္မတ Karin Keller Sutter က “အမေရိကန်နိုင်ငံက ဆွစ်ဇာလန်ပို့ကုန်များအပေါ် အခွန် ၃၉ % ကောက်ခံမှုကြောင့် ဆွစ်ဇာလန်နိုင်ငံအနေဖြင့်  သိသာသည့် အခက်အခဲကို ရင်ဆိုင်နေရသော်လည်း ၎င်းအပေါ် တန်ပြန်ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း၊ ဆွဇ်ဇာလန် အစိုးရသည် အမေရိကန်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် တွေ့ဆုံခဲ့ရာတွင် ပိုမိုကောင်းမွန်သော ကမ်းလှမ်းချက်တစ်ရပ်ကို တင်ပြခဲ့ပြီး ဖြစ်နိုင်ချေရှိသော ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ကြာသပတေးနေ့က ပြောကြားခဲ့ပါ သည်။ 

“ယခုကာလသည် မည်မျှကြာမည်ဆိုသည်ကို မပြောနိုင်ဘဲ စေ့စပ်ညှိနှိုင်းမှုရလဒ်သည် အမေရိကန်သမ္မတ၏ အဆုံးအဖြတ်တွင်သာ မူတည်ကြောင်း၊ အဆိုပါကာလအတွင်း ဆွစ်ဇာလန်အစိုးရက အကောက်ခွန် ကောက်ခံခြင်းခံရသည့် ကုမ္ပဏီများကို သက်သာမှုပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြောင်း” Keller-Sutter က ပြောကြားခဲ့ပါသည်။ “ယခုကဲ့သို့ အခွန်ကောက်ခံမှုသည် အမေရိကန်နိုင်ငံသို့ ဆွစ်ဇာလန်နိုင်ငံပို့ကုန်များ၏ ၆၀ % နီးပါးအပေါ် သက်ရောက်မှုရှိကြောင်း ဆွစ်ဇာလန်နိုင်ငံ စီးပွားရေးဝန်ကြီး Guy Parmelin က ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        https://breakingthenews.net/Article/Switzerland-will-not-impose-recipro…