ဂျီနီဗာတွင် ကျင်းပမည့် ကမ္ဘာ့ကောက်ပဲသီးနှံညီလာခံသို့ တက်ရောက်နိုင်ရေး မှတ်ပုံတင်ရန်ဖိတ်ခေါ်
ပုံစံအသစ်၊ ကွန်ရက်ချိတ်ဆက်မှုအသစ်တို့နှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ၁၃ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ကောက်ပဲသီးနှံညီလာခံသို့ တက်ရောက်နိုင်ရေး စတင်မှတ်ပုံတင်နိုင်ပြီဖြစ်သည်။ ညီလာခံသို့ ဆန်စက်ပိုင်ရှင်များ၊ ဝယ်လက်များ၊ ကုန်သည်များ၊ ပွဲစားများ၊ အစိုးရ မဟုတ်သော အဖွဲ့များနှင့် အစိုးရခေါင်းဆောင်များအပါအဝင် နိုင်ငံတကာမှ ကိုယ်စားလှယ် ၈၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားပါသည်။
၂၀၂၅ ခုနှစ်အစီအစဉ်အရ ညီလာခံတွင် ကောက်ပဲသီးနှံကဏ္ဍ၏ အနာဂတ်ကို ပုံဖော်ရန် အရေးပါသော တိုးတက်မှုများကို ရှာဖွေသွားမည်ဖြစ်ပြီး ကမ္ဘာ့မြင်ကွင်းကျယ်အနေဖြင့် ၂၀၂၅ - ၂၀၂၆ အတွင်း သီးနှံအသစ်နှင့် ကုန်သွယ်မှုအလားအလာ၊ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအောက်မှ အဓိကဒေသတွင်းများ၊ အစိုးရအစီအစဉ်များနှင့် ကုန်သွယ်ရေးစစ်ပွဲများကို လေ့လာသွားမည်ဖြစ်ပြီး ကောက်ပဲသီးနှံ ကုန်သွယ်မှုတွင် စားနပ်ရိက္ခာဖူလုံရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆိပ်ကမ်းတီထွင်မှုတို့ကို ပြန်လည်စဉ်းစားခြင်း စသည့် ခေါင်းစဉ်များအား ဆွေးနွေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် ကောက်ပဲသီးနှံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ တိုးတက်ဖြစ်ပေါ်လာပုံ၊ အနာဂတ်ပလက်ဖောင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းသည့် လမ်းကြောင်းများ၊ နိုင်ငံစုံ သယ်ယူပို့ဆောင်ရေးအဖြေများကို ပညာရှင်များက ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရင်းမြစ်။ www.world – grain. con /articles/print/