ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီထုတ်လုပ်သူဖြစ်လာရန် အင်ဒိုနီးရှားမျှော်မှန်း
အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ ကမ္ဘာ့ဒုတိယအကြီးဆုံးကော်ဖီထုတ်လုပ်သည့် ဗီယက်နမ်ကို ကျော်နိုင်ရန် ပြည်တွင်းကော်ဖီထုတ်လုပ်မှုကို တိုးမြှင့်နေကြောင်း၊ ကမ္ဘာ့စတုတ္ထအကြီးဆုံးကော်ဖီ ထုတ်လုပ်သူဖြစ်သော အင်ဒိုနီးရှား၏ နှစ်စဉ် ကော်ဖီထုတ်လုပ်မှု တန်ချိန် ၇၀၀,၀၀၀ ကျော်သည် မှန်ကန်သော နည်းလမ်းများ ကျင့်သုံးရာမှ ထုတ်လုပ်မှု တိုးတက်လာနိုင်ကြောင်း၊ ကော်ဖီထုတ်လုပ်မှု တိုးတက်လာစေရေး အရည်အသွေးကောင်းမွန်သောပျိုးပင်များကို အသုံးပြုခြင်း၊ အဆင့်မြင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ အသုံးပြုခြင်းနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မည့် ထုပ်ပိုးမှုပုံစံများ ဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း၊ အင်ဒိုနီးရှား၏ ကော်ဖီတင်ပို့မှုအလားအလာကို မြှင့်တင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် စားသောက်ကုန်ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Zulkifli Hasan မှ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားတွင် ကော်ဖီစိုက်ပျိုးနိုင်ရန် ကျယ်ပြန့်သော မြေနေရာရှိပြီး ကော်ဖီအတွက် ဒေသဆိုင်ရာ အညွှန်း (GI) စုစုပေါင်း ၅၄ ခု ဖြင့် မူပိုင်ခွင့်ပြုလုပ်ထားကြောင်း၊ အာရေဗီကာ ကော်ဖီမျိုး ၂၆ ခု၊ ရိုဘက်စတာအမျိုးအစားစိုက်ပျိုးမှုမှာ၂၄ ခု၊ ရိုဘတ်စတားကော်ဖီမျိုး ၂၄ ခု၊ လိုင်ဘာရီကာ ကော်ဖီမျိုး ၃ ခုနှင့် အိတ်ဆယ်လ်ဆာကော်ဖီမျိုး ၁ ခုတို့ဖြစ်ကြောင်း သိရှိရပါသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ဘရာဇီး၊ ဗီယက်နမ်နှင့် ကိုလံဘီယာတို့ပြီးလျှင် စတုတ္ထနေရာတွင်ရှိနေပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးကော်ဖီတင်ပို့သည့် ဗီယက်နမ်နိုင်ငံသည် နှစ်စဉ် ကော်ဖီတန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လုပ်လျက်ရှိသည်။
အင်ဒိုနီးရှား ဗဟိုစာရင်းအင်းအဖွဲ့ (BPS) ၏ အချက်အလက်များအရ အင်ဒိုနီးရှားသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၁.၄၉ ဘီလီယံ တန်ဖိုးရှိ ကော်ဖီတန်ချိန် ၃၄၂,၂၂၀ တင်ပို့ခဲ့ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၃၁၉. ၈၄ သန်း တန်ဖိုးရှိ ကော်ဖီတန်ချိန် ၆၇,၆၅၀ တင်သွင်းခဲ့ကြောင်းသိရသည်။ အင်ဒိုနီးရှားကော်ဖီကို အဓိကတင်သွင်းသည့်နိုင်ငံများမှာ ဖိလစ်ပိုင်၊ အမေရိကန်နှင့် မလေးရှားတို့ဖြစ်ကြောင်းသိရှိရပါသည်။
ရင်းမြစ်။ https://en.vietnamplus.vn