အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးဆောင်သော အဆင့်မြင့်အရာထမ်းများ၊ စီးပွားရေးသံမှူး များ ပို့ကုန်တိုးမြှင့်ရေး ဆွေးနွေး

 

အိန္ဒိယ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး Piyush Goyal ဦးဆောင်ပြီး ကူးသန်းရောင်းဝယ်ရေးဌာနနှင့် စက်မှုနှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဌာနတို့မှ အတွင်းဝန်များ၊ အဆင့်မြင့်အရာရှိများ၊ အဓိကကုန်သွယ်ဘက်နိုင်ငံ ၂၀မှ စီးပွားရေးသံမှူးများသည် ပို့ကုန်တိုးမြှင့်ရေးဆွေးနွေးပွဲ ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှစတင်၍ ၃ ရက်ကြာ ကျင်းပခဲ့ကြောင်း အိန္ဒိယသတင်းစာ Business Standard တွင် ဖော်ပြထားပါသည်။ 

ဆွေးနွေးပွဲတွင် အိန္ဒိယ၏ အဓိကကုန်သွယ်ဘက်နိုင်ငံများဖြစ်သော အမေရိကန်၊ သြစတြေးလျ၊ ပြင် သစ်၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား တို့အပါအဝင် နိုင်ငံ ၂၀ သို့ တင်ပို့မည့် ကုန်စည်နှင့်ဝန်ဆောင်မှုအလိုက် အထူးပြုလုပ်ငန်းကဏ္ဍ (Focus Sector) ၆ ခုစီ အတွက် ဆောင်ရွက်မည့်နည်းလမ်းများ၊ အကောက်ခွန်မဟုတ်သော အတားအဆီးများ၊ ထောက်ပံ့ပို့ဆောင်ရေးကိစ္စရပ်များ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာကိစ္စများ၊ ဈေးကွက်ဝင်ရောက်ရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း၊ အိန္ဒိယသည် လျှပ်စစ်နှင့်ဆောက်လုပ်ရေးပစ္စည်းများ၊ သတင်းအချက်အလက်နည်းပညာ၊ ၎င်းတို့အတွက်ဝန်ဆောင်မှုများ၊ ကုန်စည်အုပ်စု ၆ ခုအပေါ် ပို့ကုန်တိုးမြှင့်ရေး မဟာဗျူဟာတစ်ရပ်လည်း ချမှတ်နေကြောင်း တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ဆယ်ဂဏန်း (Double Digit) ထိတက်ခဲ့သော်လည်း နိုဝင်ဘာလတွင် ရွှေတင်သွင်းမှု စံချိန်တင်မြင့်တက်ခဲ့ခြင်း၊ ဟင်းသီးဟင်းရွက်ဆီ၊ ဓာတ်မြေဩဇာနှင့် ငွေသတ္တုတင်သွင်းမှုလည်း မြင့်မားခဲ့သဖြင့် နိုဝင်ဘာလ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၄.၈၅ % ကျဆင်းသွားခဲ့ကာ ကုန်သွယ်မှုလိုငွေပြခဲ့ကြောင်း၊ ယခု ဘဏ္ဍာရေးနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ပို့ကုန် ၂.၁၇ % မှ (တန်ဖိုး ကန်ဒေါ်လာ ၂၈၄.၃၁ ဘီလီယံ) အထိ တိုးလာပြီး သွင်းကုန် ၈.၃၅ % မှ (တန်ဖိုး ကန်ဒေါ်လာ ၄၈၆.၇၃ ဘီလီယံအထိ တိုးလာခဲ့ကြောင်း သိရှိရပါသည်။ 

၂၀၂၃ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၇၀.၉၈ ဘီလီ ယံသာရှိသော်လည်း  ၂၀၂၃ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ ၂၀၂.၄၂ ဘီလီယံအထိ များပြားလာကြောင်း၊ ဝန်ဆောင်မှုပို့ကုန်သည် ပြီးခဲ့သည့်နှစ်ကထက် ၂၂.၃ % တိုးတက်ခဲ့ကာ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၃၄.၃၁ ဘီလီယံ ရရှိခဲ့ကြောင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 

ရင်းမြစ်။        Business Standard