အာဆီယံနှင့် အိန္ဒိယအကြား ကုန်သွယ်မှုပြုရာ၌ အတားအဆီးများဖြေလျှော့နိုင်ရေး လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အပေါ် လာမည့်နိုဝင်ဘာလ၌ ထပ်မံဆွေးနွေးညှိနှိုင်းဖွယ်ရှိ
အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့သည် ၎င်းတို့၏ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အပေါ် ထပ်မံဆွေးနွေးညှိနှိုင်းနိုင်ရေး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ တတိယအကြိမ် ဆွေးနွေးမှုကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ဂျာကာတာမြို့တွင် ကျင်းပဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးသုံးသပ်ချက်များသည် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျော့နည်းသက်သာစေရန်နှင့် အပြန်အလှန်အကျိုးရှိသောကုန်သွယ်မှုကိုမြှင့်တင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အိန္ဒိယ-အာဆီယံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၄၁ သာရရှိကြောင်း “ The Economic Times ” သတင်းတွင် ဖော်ပြပါရှိပါသည်။
အိန္ဒိယ-အာဆီယံအကြား ကုန်စည်နှင့်ပတ်သက်သော သဘောတူညီချက်အပေါ် အဓိကဆွေးနွေး လိုခြင်းဖြစ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ထားရှိပါသည်။
အိန္ဒိယ-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် ပူးတွဲကော်မတီအောက်တွင် ဆပ်ကော်မတီ ရှစ်ခုကို ဖွဲ့စည်းထားပြီး နယ်ပယ်အသီးသီးတွင် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။
Source: https://economictimes.indiatimes.com
WTO ဌာနခွဲ
ကုန်သွယ်ရေးဦးစီးဌာန