ကနေဒါနိုင်ငံသို့ မန်ကျည်းတင်ပို့
ဇူလိုင်၅ ရက်မှ ၁၁ ရက် သီတင်းပတ်အတွင်း မန်ကျည်း၂ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းမှ ကနေဒါနိုင်ငံသို့ တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က မန်ကျည်းတန် ၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ၄၇ ဒသမ ၅ တန် တင်ပို့မှုလျော့နည်းခဲ့ကြောင်း သိရသည်။ မန်ကျည်းအစေ့လွတ် တစ် တန် အမေရိကန်ဒေါ်လာ ၈၀ဝ ရရှိခဲ့သည်။ ထို့ကြောင့် ယခုတစ်ပတ် မန်ကျည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀ဝ၀ ဝင်ငွေရရှိခဲ့သည်။
သီတာဝင်း (DOT)