မြန်မာနိုင်ငံရှိ အမျိုးသမီးတောင်သူများအတွက် ပိုမိုကောင်းမွန်သော ကုန်သွယ်မှုအခွင့်အလမ်းများရရှိရေးစိုက်ပျိုးရေး အလေ့အထကောင်းများ၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ငွေကြေးရရှိနိုင်မှု လမ်းညွှန်စာအုပ်ကို UNCTAD က ထုတ်ပြန်ခဲ့ခြင်း

Tue, 09/12/2023 - 06:50 -- wtodep

မြန်မာနိုင်ငံရှိ အမျိုးသမီးတောင်သူများအတွက် ပိုမိုကောင်းမွန်သော ကုန်သွယ်မှုအခွင့်အလမ်းများရရှိရေးအတွက် လယ်ယာစိုက်ပျိုးရေး အလေ့အထများ၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ငွေကြေးရရှိနိုင်မှု၊ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကိုလေ့လာ ဆန်းစစ်ထားသည့်လမ်းညွှန်စာအုပ် “A Guidebook to Improve Agricultural Practices, Food Safety, and Access to Credit” ကိုကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ (UNCTAD) မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာ/ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါလမ်းညွှန်စာအုပ်သည် ၂၀၂၀ ပြည့်နှစ်အတွင်း UNCTAD မှ မြန်မာနိုင်ငံ၏ ကျား/မ ရေးရာအပေါ် လေ့လာမှုနှင့်အင်းလေး ဒေသ၏ စိုက်ပျိုးရေးနှင့် ခရီးသွားကဏ္ဍတို့ကို တိုးမြှင့်နိုင်ရေးနှင့် လက်ဖက်၊ ဂျင်း (ချင်း) နှင့် ထောက်ပတ်သီးနှံများ၏ စိုက်ပျိုးရေးတန်ဖိုး ကွင်းဆက်များလေ့လာမှုတို့ကို အခြေခံပြုစုထားခြင်းဖြစ်ပါသည်။

လမ်းညွှန်စာအုပ်ပါ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အလေ့အထကောင်းများသည် တောင်သူများအားလုံးအတွက် အသုံးဝင်သည် မှန်သော်လည်း အထူးသဖြင့် အမျိုးသမီးတောင်သူများအတွက် ထုတ်လုပ်မှုဆိုင်ရာအခက်အခဲ၊ ကန့်သတ်ချက်များကို ဖြေရှင်းနိုင်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါလမ်းညွှန်စာအုပ်ကို ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ (UNCTAD) ၏တရားဝင် Website မှ မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် Download ရယူနိုင်ပါသည်။

Source: https://unctad.org/publications