ဓာတ်မြေသြဇာထောက်ပံ့သည့်အစီအစဉ်အားDBT စနစ်ဖြင့် ဆောင်ရွက်ရန် အိန္ဒိယအစိုးရစီစဉ်

Tue, 03/22/2016 - 04:54 -- admin_ygn

အိန္ဒိယနိုင်ငံအနေဖြင့် လယ် သမားများအား ဓာတ်မြေသြဇာ ထောက်ပံ့ရာတွင် Direct Benefit Transfer (DBT) စနစ်ဖြင့် ဆောင်ရွက် ရန် စီစဉ်လျက်ရှိကြောင်း၊ အဆိုပါအစီ အစဉ်အတွက် ခရိုင်ပေါင်း ၂၀ တွင် ရှေ့ ပြေးစီမံကိန်းများဆောင်ရွက်ရန်လည်း ထည့်သွင်း စဉ်းစားထားကြောင်း De-partment of Fertilisers (DoF) အနေဖြင့် ဓာတ်မြေသြဇာရောင်းချ မည့် အချက်အလက်များကို စုစည်းနိုင် ရန်နှင့်လယ်သမားများ၏ ငွေစာရင်း များသို့ တိုက်ရိုက်လွှဲပြောင်းနိုင်ရေး အတွက် လယ်သမားများ၏ အသေး စိတ်အချက်အလက်များကို စုဆောင်းမည့် လမ်းပြမြေပုံတစ်ခုကို ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ပါလီမန် ရေးရာအမြဲတမ်းကော်မတီ အစီရင်ခံ စာတွင်ဖော်ပြထား ကြောင်း သိရသည်။အိန္ဒိယနိုင်ငံသည် Direct Benefit Transfer (DBT) ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကတည်းကစတင်အကောင်အထည်ဖော် အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ စနစ်အသုံးပြုရ ခြင်း၏ အဓိကရည်ရွယ်ချက်မှာ အကျိုး ခံစားခွင့်များအား တစ်ဦးချင်းစီ၏ ငွေစာရင်းသို့ အီလက်ထရောနစ်စနစ် ဖြင့် တိုက်ရိုက်ဝင်ရောက်စေရန်၊ ငွေကြေးစီးဆင်းရာတွင် နှောင့်နှေးကြန့် ကြာမှုများနှင့်ပါဝင်ပတ်သက်မှုများအား အနည်းဆုံးလျှော့ချနိုင်ရန်၊ ရည် ရွယ်ထားသူများအား အမှန်တကယ် အကျိုးခံစားခွင့်ရှိစေရန်နှင့် ကြားဖြတ် ခိုးယူမှုနှင့် နှစ်ထပ်ကွမ်း အကျိုးခံစားသူ များကို ထိန်းချုပ်ရန်အတွက်ဖြစ်ကြောင်း သိရသည်။အစီရင်ခံစာအရDepartment of Fertilisers(DoF)သည် ဓာတ် မြေသြဇာထောက်ပံ့ရာတွင် (DBT) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ရန် အဆိုပါစနစ်အား ဦးစီးဆောင် ရွက်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိအသုံးစရိတ် စီမံရေး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ရှေ့ပြေးစီမံကိန်းအား ဂူဂျာ ရတ်နှင့် သြရိဿပြည်နယ်များရှိ ခရိုင် များကို ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိဘဏ္ဍာနှစ်အတွင်း ဓာတ်မြေသြဇာထောက်ပံ့ရန် အတွက် ရူပီးကုဋေ ၇၃၀၀၀ ခန့်ကို ဘဏ္ဍာငွေ ခွဲဝေခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ဓာတ်မြေသြဇာ ထောက်ပံ့ ရာ တွင် ပြည်တွင်းထုတ်ဓာတ်မြေသြဇာများ အတွက် ဘဏ္ဍာငွေရူပီးကုဋေ ၃၈၂၀၀ ခန့်ကိုလည်းကောင်း၊ ပြည်ပမှတင်သွင်း သည့် ဓာတ်မြေသြဇာအတွက် ရူပီး ကုဋေ ၁၂၃၀၀ခွဲေ၀ ထားခဲ့ပြီး၊ ကျန် ရူပီးကုဋေ ၂၂၄၆၈ ဒသမ ၅၆ အား ရောင်းချမှုအနေအထား ကန့်သတ်ချက် ခြင်းမပြုဘဲ ေ ဖာ့စဖောရပ်စ်နှင့်ပိုတက် ဓာတ်မြေသြဇာများ ဝယ်ယူရန်အတွက် လျာထားခွင့်ပြုခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့