ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူအဆင့်နိုင်ငံများ၊ အခြားနိုင်ငံများစုစုပေါင်း ၁၉၇ နိုင်ငံ၏ ကုန်သွယ်မှုအခြေ အနေများကို ဖော်ပြထားသည့် Trade Profile 2023 ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံတစ်နိုင်ငံစီ၏ စီးပွားရေးအခြေအနေကို စာမျက်နှာ ၂ မျက်နှာစာ ဖော်ပြထားသည့် အဆိုပါ Trade Profile တွင် အဓိကပို့ကုန် သွင်းကုန်များ၊ ကုန်သွယ်မှုမိတ်ဖက်များကို သိရှိနိုင်ပြီးကုန်စည် ကုန်သွယ်မှုတွင် လယ်ယာနှင့်လယ်ယာ မဟုတ်သောထုတ်ကုန်များ၊ ဝန်ဆောင်မှုကုန်သွယ်မှုတွင် ပို့ဆောင်ရေး ၊ ခရီးသွားလာရေးနှင့်အခြားစီးပွားရေးလုပ်ငန်းဝန်ဆောင်မှုအချက်အလက်များ၊ အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာအချက်အလက်များကို အနှစ်ချုပ်စုစည်းဖော်ပြထားပါသည်။
မြန်မာနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုအခြေအနေကို အောက်ပါအတိုင်းဖော်ပြထားပါသည်-
- စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး(၂၀၂၂ ခုနှစ်) အမေရိကန်ဒေါ်လာ ၅၆၇၅၇ သန်း
- တဦးကျဝင်ငွေ(၂၀၂၀ ပြည့်နှစ် - ၂၀၂၂ ခုနှစ်) အမေရိကန်ဒေါ်လာ ၁၂၆၅
- စာရင်းရှင်လက်ကျန်ငွေရာခိုင်နှုန်း(၂၀၂၂ ခုနှစ်) - ၁.၄ % ၊
- တစ်ဉီးချင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၄၇
- ပြည်တွင်းအသားတင်ထုတ်လုပ်မှုတွင် ကုန်သွယ်မှု % ၁၉.၆ %
(၂၀၂၀ ပြည့်နှစ် - ၂၀၂၂ ခုနှစ်)
- ကမ္ဘာ့ကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုအဆင့် ၈၂
- သွင်းကုန်တင်သွင်းမှုအဆင့် ၈၉
- ကမ္ဘာ့ကုန်သွယ်မှုတွင်ဝန်ဆောင်မှုတင်ပို့မှုအဆင့် ၁၁၈
- ဝန်ဆောင်မှုတင်သွင်းခြင်းအဆင့် ၁၂၇
- ၂၀၂၂ ခုနှစ်အတွင်းပို့ကုန်တန်ဖိုး (FOB) အမေရိကန်ဒေါ်လာ ၁၇၀၈၅ သန်း
- ကမ္ဘာ့ပို့ကုန်စုစုပေါင်းတွင် ပါဝင်မှုရာခိုင်နှုန်း ၀.၀၇%
- ၂၀၂၂ ခုနှစ်အတွင်းသွင်းကုန်တန်ဖိုး (CIF) အမေရိကန်ဒေါ်လာ (၁၇၄၀၃) သန်း
- ကမ္ဘာ့သွင်းကုန် စုစုပေါင်းတွင် ပါဝင်မှုရာခိုင်နှုန်း ၀.၀၇%
- ပို့ကုန်စုစုပေါင်းတွင် ကုန်စည်အုပ်စုအလိုက် ပါဝင်မှု လယ်ယာထုတ်ကုန် (၃၅.၉ %)
လောင်စာနှင့်တွင်းထွက် (၂၄.၃ %)
ထုတ်လုပ်မှုပစ္စည်းများ (၃၉.၈ %)
- သွင်းကုန်စုစုပေါင်းတွင် ကုန်စည်အုပ်စုအလိုက် ပါဝင်မှု လယ်ယာထုတ်ကုန် (၁၈.၁ %)
လောင်စာနှင့် တွင်းထွက် (၂၁.၄ %)
ထုတ်လုပ်မှုပစ္စည်းများ (၆၀.၅ %)
- အဓိကတင်ပို့သည့်နိုင်ငံများ (၂၀၂၂ခုနှစ်) ထိုင်း(၂၂.၅ %)၊တရုတ်(၂၁.၆ %)၊
အီးယူ (၂၁.၆ %)၊ ဂျပန် (၇.၁ %)၊
အိန္ဒိယ(၅.၃ %) ၊ အခြား (၂၂ %)
- အဓိကတင်သွင်းသည့်နိုင်ငံများ( ၂၀၂၂ခုနှစ်) တရုတ်(၃၂.၁ %) ၊ စင်ကာပူ(၂၄.၈ %)
ထိုင်း (၁၂.၄ %)၊မလေးရှား (၆.၆ %)
အင်ဒိုနီးရှား (၆ %)၊ အခြား (၁၈.၂ %)
- အဓိကလယ်ယာပို့ကုန်များ (၂၀၂၂ ခုနှစ်) ပဲစင်းငုံ၊ ဆန်၊ ပြောင်း၊ ဆီထွက်သီးနှံ၊ အခွံမာသီး (အစိမ်း/ အခြောက်ခံ)
- အဓိကလယ်ယာသွင်းကုန်များ (၂၀၂၂ ခုနှစ်) စားအုန်းဆီ၊ အခြားစားသောက်ကုန် ပစ္စည်းများ၊ ပဲပုတ်စေ့ဆီမှ
ဆီကြိတ်ဖတ်၊ ဂျုံနှင့် ကောက်နှံ
- လယ်ယာမဟုတ်သောအဓိကပို့ကုန်များ (၂၀၂၂ ခုနှစ်) သဘာဝဓါတ်ငွေ့၊ အမျိုးသား၊ အမျိုးသမီးဝတ်စုံများ၊ ဂျာစီ၊ ခေါင်းစွပ်များ၊
- လယ်ယာမဟုတ်သောအဓိကသွင်းကုန်များ (၂၀၂၂ ခုနှစ်) လောင်စာဆီနှင့် အခြားရေနံစိမ်း၊ ယက်လုပ်ထားသောအထည်မျိုးစုံ၊
သင်္ဘော၊ သတ္တုတွင်းထွက်နှင့် ဓာတုဓာတ်မြေဩဇာ
- စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုပို့ကုန်တန်ဖိုး (၂၀၂၂) အမေရိကန်ဒေါ်လာ ၁၅၀၅ သန်း
- စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုသွင်းကုန်တန်ဖိုး (၂၀၂၂) အမေရိကန်ဒေါ်လာ ၁၆၆၈ သန်း
- ကမ္ဘာ့ဝန်ဆောင်မှုပို့ကုန်စုစုပေါင်းတွင် ပါဝင်မှု ၀.၀၂%
- ကမ္ဘာ့ဝန်ဆောင်မှုသွင်းကုန်စုစုပေါင်းတွင် ပါဝင်မှု ၀.၀၃%
အခြားဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာအချက်အလက်များဖြစ်သော တင်ပို့/တင်သွင်းသည့် အဓိကနိုင်ငံများ၊ ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံမှုများ၊ ပြည်ပသို့သွားရောက်ရင်းနှီးမြှုပ်နှံမှုများကို အချက်အလက်များမရရှိကြောင်းဖော်ပြထားပြီး ပို့ဆောင်ရေး၊အခြား စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုများ၊ ကုန်စည်နှင့်ဆက်စပ်သောဝန်ဆောင်မှုများ၊ စက်မှုမူပိုင်ခွင့် ဆိုင်ရာအချက်များမှာ လွန်ခဲ့သော နှစ်များက အခြေအနေများကိုသာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
Trade Profile 2023 ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှတဆင့် Download ရယူနိုင်ပြီဖြစ်ပါသည်။