V2 နဲ့ ထိုင်ဝမ် ကုလားပဲများ ဈေးမာအရောင်းသွက်တဲ့ မန်းဈေးကွက်

Tue, 05/07/2013 - 04:35 -- admin

မန်းကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ဝယ်လိုအားရော၊ ရောင်းလိုအားပါရှိတဲ့အတွက် ဈေးနှုန်း အတက်အကျ ကွာဟမှု ကျဉ်းမြောင်းစွာနဲ့ ပစ္စည်းရဲ့ အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ် ပြုလုပ်လျက်ရှိပါတယ်။ ဒေသကုန်သည်ပွဲစားများအခေါ် ပုခုံးပြောင်းအရောင်းအဝယ်ရှိကြောင်း (ပွဲစားများမှ ကုန်သည်ထံသို့၊ ကုန်သည်မှ ပြည်ပဝယ်လက်သို့) နှစ်စဉ်တန်ချိန် ၇၀၀၀၀ ကျော်တင်ပို့ရပြီး၊ ပြည်တွင်းရော ပြည်ပမှာပါ အရောင်းအဝယ်ရှိတာကြောင့် ဒီနှစ် လည်း ဈေးအေးသွားနိုင်ဖွယ်ရာမရှိကြောင်း ကုန်သည်များက ခန့်မှန်းကြပါတယ်။ ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလမှာ ၈၉၁ ကျပ်နဲ့ ၈၉၈ ကျပ်ကြား နေ့စဉ် ၁၂၀၀ အိတ် မှ ၂၀၀၀ အိတ်ကြား အရောင်းအဝယ် ဖြစ်ပြီး ယခုမတ်လ တတိယပတ်မှာ ၉၃၃ ကျပ်-၉၃၄ ကျပ်နဲ့ နေ့စဉ် ၁၃၀၀ အိတ်မှ ၂၅၀၀ အိတ်ကြား အရောင်းအဝယ်ဖြစ် နေပါတယ်။
ယခင်လနဲ့နှိုင်းယှဉ်ပါက ကုလားပဲ တစ်ပိဿာ ၃၆ ကျပ်ဈေးမြင့်တက်သွားပြီး အရောင်းအဝယ်အားဖြင့်လည်း တိုးတက်လာပါတယ်။ ပွဲစားများ၊ ကုန်သည် နှင့်စက်ပိုင်များမှ ဝယ်ရောင်းပြုလုပ်သူများရှိသလို တက်ရိပ်မြင့်နေတာကြောင့် လှောင်တာလည်းရှိကြောင်း ပဲကုန်သည်တစ်ဦးမှ ပြောပါတယ်။
စိုးအောင်နိုင်ဦး - မန္တလေး