2016 Chevrolet Orlando ကားမော်ဒယ်သစ်ကို မကြာမီမိတ်ဆက်ရောင်းချပေးမည်

Tue, 12/20/2016 - 07:20 -- admin_ygn

        Pacific-AA Motor Ltd. က ၂၀၁၆ ခုနှစ်ထုတ် Chevrolet Orlando မော်တော်ကားသစ်များကို မကြာမီ မိတ်ဆက် ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Chevrolet မော်တော် ကားသစ်ကို အမေရိ ကန်ေ ဒါ်လာ ၃၉၀၀၀ (မြန်မာငွေကျပ် ၅၃၈ သိန်းဝန်း ကျင်)ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ 2016 Chevrolet Orlando မော်တော်ကားသစ်သည် ဘက်စုံသုံးယာဉ် (Multi-purpose Vehicle-MPV)ကဲ့သို့ အသုံးပြုနိုင်ပြီး Crossov -er ကားတစ်စီး ကဲ့သို့လည်း စီးနင်းမောင်းနှင်နိုင်မည် ဖြစ်သည်။ ကိုယ်ထည်အပြင် ပိုင်းတွင် ထူးခြားသောဒီဇိုင်းဖြင့် ဖန်တီးပေးထား ပြီး ကားအတွင်းခန်းကိုလည်း အကျယ် အဝန်းလိုအပ်ချက်အလိုက် အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်ရန် ဖန်တီး ပေးထားကြောင်း သိရသည်။
        အဆိုပါ မော်ဒယ်အသစ်တွင် ဆီစားနှုန်းသက်သာစေရန် ဆလင်ဒါလေးလုံး 1.8L DOHC, ECOTEC, DCVVTအင်ဂျင်ကို တပ်ဆင်ပေးထား ပြီး ယင်းအင်ဂျင်သည် အမြင့်ဆုံးရုန်းအား မြင်းကောင်ရေ ၁၄၁ အထိ  ထုတ် ေ ပးနိုင်စွမ်းရှိသည်ဟုဆိုသည်။ ထို့ပြင် 6-speed အော်တိုဂီယာစနစ်ပါဝင်ပြီးTiptronic Feature ပါဝင်သောကြောင့် Manual ပုံစံ ဂီယာထိုးမောင်းနှင်နိုင်သည်။ ယနေ့ခေတ်ကားများတွင် စံတစ်ခုလို ဖြစ်လာသော Cruise Con -trol စနစ်၊ မိုး ရွာလျှင်ရေသုတ်တံကို အလိုအလျောက် အလုပ်လုပ်စေသော Rain Sensitive Windscreen Wiper စနစ်စသော အဆင့် မြင့် ၤနအေကမန များအပြင် အော်ဒီယို ဖျော်ဖြေရေးအတွက် စပီကာခြောက် လုံး၊ CD ဖွင့်စက်နှင့် အခြားချိတ်ဆက်မှု အထောက်အပံ့များကိုလည်း ထည့်သွင်း ပေးထားကြောင်း သိရသည်။
          လူခုနစ်ယောက်အထိ စီးနင်းနိုင် ခြင်း၊ အတွင်းခန်း အကျယ်အဝန်းကို လိုအပ်သလို ချိန်ညှိနိုင်ခြင်းနှင့် ဆီစား နှုန်းသက်သာခြင်းတို့ကြောင့် ၂၀၁၆ Orlando ကားသစ်ကို မိသားစုသုံး ကား ကောင်းတစ်စီးဟု ဆိုနိုင်ပေ သည်။ Chevrolet Orlando ကို ဒီဇင်ဘာလ ၂၃ ရက်မှ ၂၅ရက်အထိ မြန်မာပလာဇာ ရှိ Promotion Area တွင် ခင်းကျင်း ပြသ မိတ်ဆက်ရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

 

မယ်သီတာ