ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧည့်မထမိုးကောက်စောစပါးသစ်နှင့်ပေါ်ဆန်းစပါးသစ်များ ဈေးကွက်ဝင်ရောက်

Mon, 11/25/2019 - 04:00 -- admin_ygn

       ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင်  ဧည့်မထမိုးကောက်စောစပါးသစ် မြို့နယ် ၂၀ ခန့်နှင့် ပေါ်ဆန်းစပါးသစ်လေးမြို့နယ်ခန့် ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း ဆန်စပါးသတင်းများအရ သိရသည်။ လက်ရှိတိုင်းဒေသကြီးအတွင်း မိုးဧည့်မထကောက်စောစပါးသစ်ဈေးမှာ ၄၆ ပေါင်တင်း ၁၀ဝ ကို  ကျပ် ၄၇၀ဝ၀ဝ/ ၅၀ဝ၀ဝ၀ ဈေးအတွင်းနှင့် ဧည့်မထမိုးဆန်သစ်တစ်အိတ်ကို  ကျပ် ၁၇၅၀ဝ/၁၈၅၀ဝ ဝန်းကျင်ရှိပြီး ပေါ်ဆန်း စပါးသစ်၄၆ ပေါင်တင်း ၁၀ဝ ကို ကျပ် ၆၂၀ဝ၀ဝ/ ၇၇၂၈၀ဝ ဈေးအတွင်းတွင် ရောင်းဝယ်လျက်ရှိသည်။   စပါးသစ်ဈေးနှုန်းမှာ စပါး အရည် အသွေးဈေးကွက်ဖွံ့ဖြိုးမှုပေါ် မူတည်၍  မြို့နယ်တစ်ခုနှင့်တစ်ခု တူညီမှုမရှိဘဲ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ဆန်စပါးသတင်းများအရ သိရသည်။

 

မင်းမင်းဦး(ပုသိမ်)

Local Trade News

Pages