ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်/စပါးဈေးကွက်၌ ဧည့်မထမိုးစပါးသစ်များ ဈေးနှုန်းအနည်းငယ် မြင့်တက်

Mon, 01/13/2020 - 05:26 -- admin_ygn

     ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း  မြို့နယ်အချို့ မိုးဧည့် မထစပါးသစ် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်သတင်းများအရ သိရသည်။ ပုသိမ်ခရိုင်အတွင်းရှိ  ကျုံပျော်၊ ရေ ကြည်၊ ကျောင်းကုန်း၊ မြို့နယ်များနှင့် မအူပင်ခရိုင်အတွင်းရှိ  မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်မိုးစပါး ၄၆ ပေါင်၊ တင်း ၁၀ဝ ကို  ကျပ် ၄၆၀ဝ၀ဝ/၄၇၀ဝ၀ဝ/၄၈၀ဝ၀ဝ ဈေးမှယခု စပါးဈေး  ၄၆ ပေါင် တင်း ၁၀ဝ ကို   ကျပ်  ၅၀ဝ၀ဝ၀/၅၀၁၀ဝ၀ ဈေးဖြစ်သွား၍   စပါးတင်း  ၁၀ဝ ကို ကျပ် ၂၀ဝ၀ဝ မှ ကျပ် ၄၀ဝ၀ဝအတွင်း ဈေးနှုန်းမြင့်တက်မှုရှိခဲ့သည်။ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် အခြေခံ သတ်မှတ်ဈေးနှုန်းဖြင့် စပါးဝယ် ယူခြင်းကြောင့် စပါး ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ်နှင့် မအူပင်ခရိုင်ရှိ မအူပင်မြို့နယ်တွင် ရန်ကုန်ဈေးကွက်အဝယ်မလိုက်ခြင်းကြောင့် ပေါ်ဆန်းစပါးဈေး အနည်းငယ် ကျ ဆင်းပြီး ကျန်မြို့နယ်များတွင် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း ဆန်၊ စပါးဈေးကွက် သတင်းများအရ သိရသည်။

 

မင်းမင်းဦး(ပသ)