အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ တင်သွင်းမှု လျှော့ချရေး လိုက်နာဆောင်ရွက်ပေး

Wed, 10/16/2019 - 05:26 -- admin_ygn

        မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာကာကွယ် ရေးဆိုင်ရာ  ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီ ယယ် နောက်ဆက်တွဲစာချုပ်နှင့် လန်ဒန်ပြင်ဆင် ချက်တို့ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် လည်း ကောင်း၊ ကိုပင်ဟေဂင် ပြင်ဆင်ချက်ကို ၂၀ဝ၉ ခုနှစ် မေ ၂၂ ရက်တွင်လည်းကောင်း၊ မွန် ထရီယယ်ပြင်ဆင်ချက်နှင့် ပေကျင်း ပြင်ဆင်ချက် တို့တွင်၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင်လည်း ကောင်း အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုး ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုအခါ ကမ္ဘာပူနွေးမှုအညွှန်းကိန်း  မြင့် မားသည့် ဟိုက်ဒရိုဖလူရိုကာဗွန်များ ထုတ်လုပ် သုံးစွဲမှု လျှော့ချရေးဆိုင်ရာ ကီဂါလီပြင်ဆင်ချက် (Kigali Amendment) ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများတင်သွင်းရာတွင် သတ်မှတ်ထား သည့် နှစ်အလိုက် သတ်မှတ်ပမာဏထက် မကျော် လွန်စေရေးအတွက် ခွဲတမ်းစနစ်ဖြင့် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန် အိုဇုန်းလွှာပျက်စီး စေသော ဒြပ်ပစ္စည်းများဆိုင်ရာ  လုပ်ငန်းဆောင် ရွက်ခြင်းအမိန့် (Order on Imports, Exports and Consumption of Ozone Depleting Substances) ကို ၂၀၁၄ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
         မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပတ်ဝန်း ကျင်အစီအစဉ်နှင့် ပူးပေါင်းပြီး ဟိုက်ဒရို ကလိုရို ဖလူရိုကာဗွန်သုံးစွဲမှု   လျှော့ချရပ်ဆိုင်းရေးစီမံကိန်း (Hydro- chlorofluorocarbons Phase-out Management Plan-HPMP Project နှင့် ဖွဲ့စည်းမှု အင်အားဖြည့်ဆည်းရေး စီမံကိန်းများ (Institutional Strengthening-IS Projects) တို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကီဂါလီ ပြင် ဆင်ချက်ကိုအထောက်အကူပြုသည့် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ချက်များ စီမံကိန်း (Enabling Activities for HFC Phase-down of Myanmar Project) ကို ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန် (Hydrobromofluorocarbons-HBFCs) ကို ၁၉၉၆ ခုနှစ်တွင် လည်းကောင်း၊ ဘရိုမိုကလိုရိုမီ သိန်း (Bromochloromethane-CH2BrCl) ကို ၂၀ဝ၂ ခုနှစ်တွင် လည်းကောင်း၊  ကလိုရိုဖလူရို ကာဗွန် (Chlorofluorocarbons- CFCs) ကို ၂၀ဝ၇ခုနှစ်တွင်လည်းကောင်း၊ ဟေလွန် Halons), Halogenated CFCs နှင့် ကာဗွန်တက်ထရာ ကလိုရိုဒ် (Carbon Tetrachloride-CCl4) တို့ကို ၂၀၁၀ ခုနှစ်တွင် လည်းကောင်း၊ မီသိုင်းဘရိုမိုက် (Methyl Bromide-CH3Br) ကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း တင်သွင်းခြင်းကို အပြီးသတ် ရပ်ဆိုင်းပြီးဖြစ်ကြောင်း၊ မီသိုင်းဘရိုမိုက်ကို ကုန်စည်များ ပိုးမွှားကာကွယ်မှုနှင့် တင်ပို့ခြင်းမပြုမီ ပိုးမွှား သန့်စင်မှု (Quarantine & pre-shipment fumigation- QPS) အနေဖြင့် ခြွင်းချက်အဖြစ် အသုံးပြု နိုင်သည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
       ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ယင်းဒြပ်ပစ္စည်းများ ထုတ်လုပ်မှုနှင့် သုံးစွဲမှုကို ဖွံ့ဖြိုးဆဲနိုင်ငံများထက် အကြမ်းအားဖြင့် ၁၀ နှစ်စောပြီး ရပ်ဆိုင်းခဲ့ကြောင်း၊ HCFC ထုတ်လုပ်မှုနှင့် သုံးစွဲမှုကို ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုး ဆဲနိုင်ငံများအားလုံး သတ်မှတ်နှစ်များအလိုက် အဆင့်ဆင့် လျှော့ချရပ်ဆိုင်းသွားကြရမည်ဖြစ် ကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် HCFC တင်သွင်းမှုကို ၂၀၁၃ ခုနှစ် တင်သွင်းသုံးစွဲမှု၏ အခြေခံသတ် မှတ်ချက်ဖြစ်သည့် ၇၈ ဒသမ ၁၈ မက်ထရစ်တန်ကို မွန်ထရီယယ် နောက်ဆက်တွဲပါ သတ်မှတ်ချက် များအရ နှစ်အလိုက်လျှော့ချ ရပ်ဆိုင်းရန်ဖြစ်ပြီး  ၂၀၁၅ ခုနှစ်တွင်  အခြေခံသတ်မှတ်ချက်၏ ၁၀ ရာခိုင်နှုန်း ၊၂၀၂၀ ပြည့်နှစ်တွင် ၃၅ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၆၇ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး လျှော့ချကာ ၂၀၃၀ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျန်ရှိသည့် ရေခဲသေတ္တာ၊ လေအေးပေးစက်များ တွင် ဝန်ဆောင်မှုအတွက် ၂ ဒသမ ၅ ရာခိုင်နှုန်းကို ၂၀၄၀ ခုနှစ်အထိ ခြွင်းချက်အနေဖြင့် ခွင့်ပြုထား သည်မှအပ အပြီးသတ်  လျှော့ချရပ်ဆိုင်းရမည် ဖြစ်ကြောင်းတို့ကို ၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်း သိမ်းရေးနေ့ အခမ်းအနားနှင့် ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန် (HCFC) သုံး မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အောက် လေအေးပေးစက်များ ပြည် တွင်းသို့တင်သွင်းမှု ရပ်ဆိုင်းရေး ညှိနှိုင်းဆွေးနွေးပွဲ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရှင်း လင်းချက်များအရ သိရှိရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အိုဇုန်းလွှာ ထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများတင်သွင်းမည့် ကုမ္ပဏီ/လုပ်ငန်းရှင်များအား နှစ်စဉ်ခွဲတမ်းစနစ်ဖြင့်တင်သွင်းနိုင်ရန် မှတ်ပုံတင် ထုတ်ပေးခြင်း၊  ထောက် ခံချက်ပေးခြင်းတို့ကို မြန်မာနိုင်ငံ  အမျိုးသားအိုဇုန်းယူနစ်အဖွဲ့တို့၏ သဘောတူညီချက်ဖြင့် စနစ်တကျဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကုန်စည်များ ပိုးမွှားကာကွယ်မှု နှင့် တင်ပို့ခြင်းမပြုမီ ပိုးမွှားသန့်စင်မှု (Quarantine & pre-shipment fumigation-QPS) အနေဖြင့် ြွခင်းချက်အဖြစ်သာ  တင်သွင်းသုံးစွဲခွင့်ပြုထား သည့်   မီသိုင်းဘရိုမိုက်နှင့် အိုဇုန်းလွှာထိခိုက် ပျက်စီးစေသော   ဒြပ်ပစ္စည်းများအစား   အခြား အစားထိုးဒြပ်ပစ္စည်းများ တင်သွင်းမှုကိုလည်း ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စိစစ်ထောက်ခံ ပေးလျက်ရှိကြောင်း သိရသည်။
         ဟိုက်ဒရိုကလိုရို   ဖလူရိုကာဗွန် (HCFC, R-22) သုံးစွဲသည့် မြင်းကောင်ရေ ၂ ဒသမ ၅ နှင့် အောက် (equal and under 28000 BTU/hr) အင် အားရှိ  split type and window type လေအေးပေးစက်များ ပြည်တွင်းတင်သွင်းမှုကို  ရပ်ဆိုင်းရန် လည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံအတွင်းသို့ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက် အထိ တင်သွင်းအသုံးပြုသည့် အိုဇုန်းလွှာ ထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများအပါအဝင် အစား ထိုးဒြပ်ပစ္စည်းများ စာရင်းကို အိုဇုန်းအတွင်းရေး မှူးချုပ်ရုံးနှင့် နိုင်ငံပေါင်း ငွေကြေးရန်ပုံငွေအဖွဲ့ရုံး များသို့ သတ်မှတ်ကာလအတွင်း နှစ်စဉ် ပေးပို့ရ သည့် လုပ်ငန်းစဉ်များကိုလည်း   လုပ်ဆောင်နေ ကြောင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများတင်သွင်းခြင်းနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင် ရာသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ၊   အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ  အသုံးပြုသည့် ရေခဲသေတ္တာနှင့် လေအေးပေးစက်ဆိုင်ရာ  ဆရာ ဖြစ်သင်တန်းနှင့် ဆင့်ပွားသင်တန်းများကို စက်မှု ဝန်ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့  နှင့် ပူးပေါင်း၍ လည်းကောင်း ကျင်းပပြုလုပ်နေ သည်ကိုလည်း လေ့လာသိရှိခဲ့ရသည်။ ထို့ကြောင့် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများကို   တင်သွင်းသူလုပ်ငန်းရှင်များ အနေနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနက ခွင့်ပြုထောက်ခံသောကာလ (နှစ်စဉ်ပြက္ခဒိန်နှစ်) အတွင်း အချိန်မီတင်သွင်းဖို့   သွင်းကုန်လိုင်စင် လျှောက်ထားရမှာဖြစ်တဲ့အပြင် သတ်မှတ်ထားတဲ့ လမ်းကြောင်းကသာ   တင်သွင်းရမည်ဖြစ်သည်။ ဥပမာအနေဖြင့် HCFC တင်သွင်းမှုကို ပင်လယ် ရေကြောင်းမှသာ တင်သွင်းခွင့်ပြုထားပြီး သက် ဆိုင်ရာပြက္ခဒိန်နှစ်အတွင်းမှာ အပြီးတင်သွင်းရမှာ ဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာ လုပ်ငန်းရှင် များက သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရေးသားတင်ပြလိုက်ရသည်။

 

 

ကြည်မာလာ (DOT)