အာဆီယံစီးပွားရေး ပေါင်းစည်းမှုက အာမခံလုပ်ငန်းများအား အခွင့်အလမ်းများပေးစွမ်းလျက်ရှိ

Mon, 12/05/2016 - 08:42 -- admin_ygn

        အာဆီယံစီးပွားရေး ပေါင်းစည်းမှုအဖြစ် အာဆီယံစီးပွားရေးအသိုက်အဝန်း (SEAN Economic Community - AEC) ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ AEC က အာရှ၏ ငွေရေးေ ကြးရေးဝန်ဆောင်မှု လုပ်ငန်းများ (Financial Service Providers) ကို ရိုက်ခတ်လျက်ရှိကြောင်း၊ စီးပွားရေး ပိုမိုပေါင်း စည်းလာခြင်းက အာမခံလုပ်ငန်းကဏ္ဍ (Insurance Sector) ကို အပြောင်းအလဲများ ဖြစ်စေနိုင်ကြော င်း ဝေဖန်သုံးသပ်မှုများရှိနေသည်။ သို့သော်လည်း AEC နှင့်အတူ အာမခံဈေး ကွက် (Insurance Industry) အတွက် ပူးပေါင်း ဆောင်ရွက်ပါက စီးပွားရေး အခွင့်အလမ်းများ ရရှိပြီး စီးပွားရေးလုပ်ငန်းသစ်များ ပေါ်ပေါက် လာနို င်ကြောင်း၊ အာဆီယံနိုင်ငံများအတွင်း ယှဉ်ပြိုင်မှုကို တိုးတက်စေနိုင်ကြောင်း ရှုမြင်သူများလည်းရှိပါသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံ၏ အသက်အာမခံမဟုတ်သော အခြားသောအာမခံ များ ထားရှိမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံ ရှိသောကြောင့် အာဆီယံအတွင်း ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်မှုမှာ တိုးတက်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးများသည် နယ်စပ်ဖြတ်ကျော် အာမခံဝန်ဆောင်မှုများ (Cross-border Services) ဖြ ည့်ဆည်းပေးရန် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လိုကြ သည်။ အထူးသဖြင့် ထိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့် ထိခိုက်မှု အာမခံကဏ္ဍ (Health and Personal accident insurance sector) တွင် တိုးချဲ့ရင်းနှီး မြှုပ်နှံ ရန် ကြိုးပမ်း လျက်ရှိသည်။

ဖြစ်ပေါ်လာနိုင်သော အပြောင်းအလဲများ
        အာဆီယံ၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးကို အကျိုးပြုနိုင်မည့် ခိုင်မာတောင့်တင်းသော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေးအဆောက် အအုံ (Strong, Competitive economy) ကို ဖန်တီးရန်ဖြစ်ပါသည်။ အာ ဆီယံစီးပွားရေးပေါင်း စည်းရာတွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ လွတ် လွတ်လပ်လပ် စီးဆင်းခြင်းဟူသော ကောင်းကျိုးကို များစွာခံစားကြရမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း (International firm) တစ် ခုသည် အာဆီယံနိုင်ငံများတွင် မိမိတို့၏ ရုံးခွဲများကို တည်ထောင်ဖွင့်လှစ်နိုင်သည်။ ဘဏ်များအနေဖြင့်လည်း ပြည်တွင်းပြည်ပကုမ္ပဏီများအား လိုအပ်သောချေးငွေများထုတ်ချေးခြင်းနှင့် လိုအပ်သောအရင်းအနှီးများ ဖြည့်ဆည်းေ ပး ခြင်းတို့ကို လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ထိုမျှသာမက သော့ချက်ကျသော ကျွမ်းကျင်ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများသည် အာဆီယံနိုင်ငံများအတွင်း လွတ်လပ်စွာ ဝင်ထွက် သွားလာနိုင်တော့မည်ဖြစ် သည်။ အဆိုပါ ကျွမ်းကျင်သူများ အာဆီယံဒေသအတွင်း လွတ် လွတ်လပ်လပ် ဝင်ထွက် သွားလာနေပြီဖြစ်သည် ကိုလည်း တွေ့ရှိရပါသည်။ အရှေ့တောင်အာရှဒေသ၏ စီးပွားရေး ခိုင်မာတောင့်တင်းလာခြင်းက အာမခံထုတ် ကုန် များ (Insurance Products) အတွက် စားသုံးသူ များ၏ ဝယ်လိုအားကို တိုး တက်စေသည်။ ထိုကဲ့ သို့ တိုးတက်လာသော ဝယ်လိုအားက အာမခံ ကုမ္ပဏီသစ်များ ပေါ်ထွန်းလာစေသည့်အပြင် လက်ရှိအာမခံကုမ္ပဏီများ၏ လုပ်ငန်း တိုးချဲ့ခြင်း တို့ကို ဆက်လက်ဖြစ်ပေါ်စေသည်။
        သို့သော်လည်း လက်ရှိအချိန်ကာလတွင် အချို့သော အခက်အခဲများကို ရင်ဆိုင်နေရသည်။ ဥပမာအားဖြင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများ မတူကွဲပြားခြင်းကို တွေ့ နိုင်သည်။ အာဆီယံ နိုင်ငံ များသည် ကျင့်သုံးသော စီးပွားရေးစနစ်များ မတူညီခြင်း၊ စီးပွားရေးတိုးတက်မှုအဆင့် မတူညီခြင်း၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ကွဲပြားခြင်းစသည့် လက္ခဏာရပ်များရှိကြသည်။ ထိုကဲ့သို့ မတူကွဲပြားမှုများက အရှေ့ေ တာင် အာရှ ဒေသတစ်ဝန်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်မည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအတွက် လည်းကောင်း၊ စားသုံးသူများအတွက် လည်းကောင်း အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ ရှိပါသည်။ ငွေကြေး ဈေးကွက်ကို ဖြေလျှော့ မည် ဆိုပါက ငွေရေးကြေးရေးမူဘောင် (Financial framework) ကို စံချိန်စံညွှန်းပြည့်မီ ကောင်းမွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ AEC အစီ အစဉ်အရ အဆိုပါ မူဘောင်ကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက် သွားရပါ မည်။ အဆိုပါ Framework အပြောင်းအလဲများကို "AEC Blueprint 2025 "တွင် ထည့်သွင်း ထားရှိပြီးဖြစ်ပါ သည်။

အာမခံလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်မှု အခြေအနေ
       အာဆီယံဒေသအတွင်း အာမခံလုပ်ငန်း များ၏ ပြိုင်ဆိုင်မှုအဆင့်မြင့်မားပါသည်။ အင်ဒို နီးရှားနိုင်ငံတွင် အာမခံကုမ္ပဏီ ၂၉ ခုရှိပြီး ထိုင်း နိုင်ငံတွင် ၆၃ ခုရှိပါသည်။ အနည်းဆုံးမှာ  မြန်မာ နိုင်ငံဖြစ်ပြီး အာမခံကုမ္ပဏီ ၁၂ ခုသာ ရှိပါသည်။ အရှေ့တောင်အာရှ ဒေသအတွင်း စင်ကာပူ နိုင်ငံသည် အသက်အာမခံမဟုတ်သော အခြား သော အာမခံကြေး (Non-Life insurance premiums) ထားရှိမှု အများဆုံးဖြစ်ပါသည်။ စင်ကာပူနိုင်ငံ၏ Non- Life insurance premiums ထားရှိမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံရှိပါသည်။ ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အဆိုပါအာမခံကြေး ထားရှိမှု မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံ ရှိပါ သည်။ သို့သော်လည်း အာဆီယံအာမခံ ဈေးကွက် အတွင်း ထိုင်းနိုင်ငံ၏ ဈေးကွက်ထိုးဖောက်မှုအချိုး (Market Penetration ratio)မှာ ၂ ဒသမ ၂ ရာခိုင် နှုန်းဖြင့် အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံ၏ အာမခံ ဈေးကွက်ထိုးဖောက်မှု အချိုး သည် တရုတ်နှင့် ဟောင်ကောင်တို့၏ ဈေးကွက် ထိုးဖောက်မှု အချိုးထက် ပိုမိုမြင့်မားပါသည်။

အာမခံလုပ်ငန်း တည်ထောင်လုပ်ကိုင်နိုင်မည့် အခြေအနေ
          နိုင်ငံတကာ အာမခံကုမ္ပဏီများအနေဖြင့် အာဆီယံနိုင်ငံများတွင် အာမခံစီးပွားရေး ဝန်ဆောင်မှုလုပ်ငန်း များ တည်ထောင်လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိသည်။ ထိုကဲ့သို့ တည်ထောင် လုပ်ကိုင်မည်ဆိုပါက နိုင်ငံတကာ ကုမ္ပဏီများ သည် ပထမအဆင့်အဖြစ် မိမိတို့ စိတ်ဝင်စားသည့် အာဆီယံနိုင်ငံအတွင်းရှိ လက်ရှိ အာမခံလုပ်ငန်း လုပ်ကိုင်နေသော ပြည်တွင်းကုမ္ပဏီ (Local partners) နှင့် ပူးပေါင်းဆောင်ရွက်မှု (Partnership) ကို စတင် သင့်ပါ သည်။ ထိုသို့ စတင်ရာတွင် နိုင်ငံ တကာ အာမခံ ကုမ္ပဏီများက မိမိတို့၏ လုပ်ဖော် ကိုင်ဖက်ဖြစ်သည့် ပြည်တွင်း  ကုမ္ပဏီများကို နည်း ပညာအကူအညီများ (Technical assistances) ပေး ခြင်းနှင့် အာမခံလျော်ကြေးေ ငွ ပေးအပ်ခြင်း အပါ အဝင် အာမခံလုပ်ငန်း၏ ဝန်ဆောင်မှု စွမ်းရည် (Claim service efficiency) တိုးတက်ရေးတို့ကို ပံ့ပိုး ဆောင်ရွက်ပေးသင့်သည်။ လက်ရှိကာလတွင် လာအိုနိုင်ငံရှိ အာမခံ လုပ်ငန်းနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသော နိုင်ငံတကာ ကုမ္ပဏီအချို့သည် လာအိုနိုင်ငံ နယ်စပ်ကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းပြီး လာအိုနိုင်ငံရှိ ဖောက်သည်များ အား နယ်စပ်ဖြတ် ကျော်အာမခံဝန်ဆောင်မှု (Cross-border insurance) ပေးေ နကြ ပါသည်။ ဤကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုပုံစံကို ကမ္ဘောဒီးယား၊ မြန်မာနှင့် မလေးရှားနိုင်ငံတို့တွင်လည်း တိုးချဲ့ ဆောင်ရွက်ရန် စီစဉ် နေကြောင်းသိရှိရပါသည်။

အလားအလာကောင်းသော နယ်ပယ်နှင့် ဆောင်ရွက်သင့်သည်များ
                အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံ ၏ ကျန်းမာရေးနှင့် တစ်ဦးချင်းထိခိုက်မှု အာမခံ ကဏ္ဍ (Health and personal accident indurance sector) သည် ပြီးခဲ့သည့် နှစ်များအတွက် ဂဏန်း နှစ်လုံးနှုန်း (Double-digit rates) ဖြင့် တိုးတက် ခဲ့သည်။ ထို့ကြောင့် အဆိုပါ နယ်ပယ်တွင် ပိုမို တိုးချဲ့လုပ်ကိုင်ရန် ကြိုးပမ်းသင့်ပါသည်။ ထိုကဲ့သို့ ကြိုးပမ်းရာတွင် အာမခံအမျိုးမျိုးထားရှိကြမည့် ဖောက်သည်များအတွက် အကောင်းဆုံးေ သာ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်နှင့် အသိပညာ ဗဟုသုတ၊ နည်းပညာတို့ကို အခြေခံလျက် စွမ်း ဆောင်ရည် အမြင့်မားဆုံးဆောင်ရွက်ကြရန် လိုအပ် ပါသည်။ ထို့ပြင် အာဆီယံနိုင်ငံများအနက် သက်ကြီး ရွယ်အိုများေ သာ နိုင်ငံ သို့မဟုတ် သက်ကြီးရွယ်အို နည်းသော နိုင်ငံစသည့်အချက်များပေါ် မူတည်ပြီး  မိမိတို့၏ လုပ်ငန်းစီမံချက် (Business plan) ကို ရေးဆွဲသင့်သည်။ ထိုမျှသာမက သက်ဆိုင်ရာနိုင်ငံ ၏ လူမှုဖူလုံရေးစနစ် (Universal health care system) ကဲ့သို့သော ပြည်သူလူထု သက်သာ ချောင်ချိရေး စနစ်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

 

Soruce: world finance.com

သိန်းမြင့်ဝေ