အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ မှတစ်ဆင့် မွန်ပြည်နယ်၏ စီးပွားရေး အခွင့်အလမ်းများ ထောက်ပံ့ပေးနိုင်မည့် Regional Consultation ကျင်းပ

Mon, 03/16/2020 - 06:21 -- admin_ygn

မွန်ပြည်နယ် မော်လမြိုင်မြို့  Royal Hinthar Hotel ၌ အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ရေးဆွဲရာတွင်  အထောက်အကူပြုနိုင်ရန် အတွက် ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (National Export Strategy-NES 2020-2025Regional Consultation)  ကို မတ် ၆ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်း ဝန် ဦးအောင်စိုး၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ    ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်း နှင့် တာဝန်ရှိသူများ၊ ဒေသခံ  အစိုးရဌာန အဖွဲ့ အစည်းများမှ အရာရှိကြီးများ၊ မွန်ပြည်နယ် ကုန် သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူများ၊ ဒေသခံပုဂ္ဂလိကကဏ္ဍ    အဖွဲ့ အစည်း များနှင့် ပို့ကုန်လုပ်ငန်းရှင်များ စုစုပေါင်း ၃၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြား ရေးမှူး ဒေါက်တာထိန်လင်းက အမျိုးသားပို့ကုန် မဟာဗျူဟာ ဒီဇိုင်း  ရေးဆွဲခြင်းလုပ်ငန်းစဉ်များနှင့် မွန်ပြည်နယ်မှ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ကဏ္ဍများအလိုက်    ထည့်သွင်းပါဝင်သင့်သည့် အချက်များကို  ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်မှ ဆောင်ရွက် နိုင်မည့် ကဏ္ဍများအဖြစ် ရော်ဘာလုပ်ငန်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍနှင့်  စားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍများမှ    ရရှိလာနိုင်သော   ပို့ကုန်ဆိုင်ရာ   အခွင့်အရေးများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။  အဆိုပါ   ဆွေးနွေးရရှိချက် များအား အမျိုးသားပို့ကုန် မဟာဗျူဟာ၏ မဟာဗျူဟာစာတမ်း (Strategy Documents) များတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

 

ဆွေးနွေးပွဲများ  ကျင်းပရခြင်း၏  အဓိကရည်ရွယ်ချက်သည် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ဦးစားပေးကဏ္ဍများအတွက် မဟာ ဗျူဟာများရေးဆွဲရာတွင် တိုင်းဒေသကြီး/ ပြည် နယ်အလိုက်    ဒေသခံအကျိုးတူ  ပူးပေါင်း ဆောင်ရွက်သူများ၏ အမြင်များကို ထည့်သွင်းရေးဆွဲသွား ရန် ဖြစ်သည်။ အလားတူ ညှိနှိုင်းဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်က    မန္တလေး မြို့၌ ကျင်းပခဲ့ပြီး   ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း    တနင်္သာရီတိုင်းဒေသကြီးရှိ    မြိတ်မြို့ နှင့် ထားဝယ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့၊ ဧရာဝတီတိုင်းဒေသကြီးရှိ  ပုသိမ်မြို့များတွင်လည်း   ထပ်မံ ကျင်းပသွားမည်ဖြစ်သည်။

 

NES

Local Trade News

Pages