အန္တရာယ်ရှိ အချိုရည်များ ထုတ်လုပ်ရောင်းချသည့် ကျောက်ဆည်မြို့ မှ ဆရာမ အချိုရည်လုပ်ငန်းနှင့် အန်တီပေါက် အချိုရည် လုပ်ငန်းများ ယာယီပိတ်သိမ်း

Wed, 08/02/2017 - 02:55 -- admin_ygn

        ကျောက်ဆည် ခရိုင် ၊ စားသုံးသူ ရေးရာ ဦးစီးဌာနမှ ခရိုင် ဦးစီးမှူးနှင့် မိတ်ဖက်အဖွဲ့အသီးသီးမှ တာဝန်ရှိ သူများသည် ကျောက်ဆည်မြို့၊ အေးမြ ကြည်လင်ရပ်ရှိ “ဆရာမ”အချိုရည် လုပ်ငန်းနှင့် မင်းရပ်ရပ်ကွက်ရှိ “အန် တီပေါက်” အချိုရည် လုပ်ငန်းများအား ဇူလိုင်လ  ၁၂ ရက်တွင် သွားရောက် စစ်ဆေးခဲ့ပါသည်။ ထိုသို့ သွားရောက်စစ်ဆေးရာ တွင် အေးမြကြည်လင် ရပ်ကွက်ရှိ “ဆရာမ”အချိုရည် လုပ်ငန်းမှာ အသေး စား စက်မှုလက်မှုလုပ် ငန်း ဦးစီးဌာန လုပ်ငန်း လိုင်စင်၊ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းလိုင်စင်၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက် စသည်တို့ ရယူခြင်းမရှိဘဲ ထုတ်လုပ်ရောင်းချနေကြောင်း၊ မင်းရပ်ရပ် ကွက် အတွင်းရှိ “အန်တီပေါက်”အချိုရည် လုပ်ငန်းအား စစ်ဆေးရာတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လုပ်ငန်း လိုင်စင်သာရှိပြီး အခြားမည်သည့် လိုင်စင်မှမရှိဘဲ ထုတ်လုပ်ရောင်းချ နေခြင်း၊ အသုံးပြုသည့် ဘူးခွံ များမှာ မန္တလေးမှ အသုံးပြုထားသော ဘူးခွံ ဟောင်းများအား ဆေးကြော သန့်စင် ပြီး ပြန်လည် အသုံးပြုထားကြောင်း၊ အသုံးပြုထားသည့် ရေမှာလည်း သန့်ရှင်း စင်ကြယ်မှုမရှိခြင်း၊ အချိုရည်တွင် အသုံးပြုသည့် Chemical ပစ္စည်းများမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သော (ပါဝါသကြား)၊ စားသုံးရန်မသင့်ဟု ယူဆရသော ဆိုးဆေး အရောင်မျိုးစုံ၊ စတော်ဘယ်ရီ၊ လိုင်ချီး၊ နာနတ်၊Lipo အနံ့ဆီပုလင်းများ တွေ့ရှိရကြောင်း၊ အချိုရည် ဖျော်စပ်ရာတွင် ပလပ် စတစ်ပုံးခွံများကို အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း၊ ဘူးတွင် အသုံးပြုထားသော တံဆိပ်များ၊ဘူးအဖုံးများကို မန္တလေးမြို့မှ Ready Made များကို မှာယူအသုံးပြုကြောင်း၊ ၎င်းကုန်ပစ္စည်းများကို ကျောက်ဆည်မြို့အတွင်းရှိ ဈေးများနှင့် ရပ်ကွက်များ၊ ကျေးရွာများရှိ ကုန်စုံဆိုင်များသို့ ဖြန့်ချိလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီး အလွန်အန္တရာယ်များသဖြင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ၎င်းလုပ်ငန်းများအား ယာယီပိတ်သိမ်းထား ကြောင်းလိုအပ်သည့် အရေး ယူမှုများ ကိုလည်း ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံ တင်ပြပြီး ဆက် လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

နှင်းလဲ့လဲ့ (ကျောက်ဆည်)

Local Trade News