အတက်မြန်လာသည့် ကားဈေးကွက် လတ် တလော အရောင်း အဝယ်အေးပြီး ဈေးတန့်နေ သည့် ပုံစံ ဖြစ်နေ

Thu, 02/09/2017 - 04:30 -- admin_ygn

         ရန်ကုန်မြို့ကားဈေးကွက်အတွင်း ကားအရောင်း အဝယ် ဈေးတန်းများ အမြင့်ဆုံး မဟုတ်သော်လည်း အတိုင်းအတာ တစ်ခုအထိ မြင့်တက် လာချိန်တွင် ကားအဝယ်များလည်း နည်းပါးသွားကာ ကားအရောင်း စင်တာများနှင့် ကားပွဲစား တန်း များတွင်ပါ အရောင်းအဝယ်များ အေးစက်လာကာ ဈေးတန်းများမှာလည်း အတက်ဈေးနှင့်ပင် ရပ်တန့်နေသည့် ပုံစံဖြင့်တွေ့နေရကြောင်း သိရသည်။ နှစ်ဆန်းပိုင်း၏ ဒုတိယလပထမဆုံးပတ်တွင် သက်ဆိုင်ရာမှ ထု တ်ပြန် ခဲ့သည့် ကားတင်သွင်းခြင်း၏ ဆိပ်ကမ်းအရောက်ဈေးနှုန်း (စီအိုင်အက်ဖ်) သတ်မှတ်ပေးမှုကလည်း အများမျှော်လင့်နေကြပြီး ဖြစ်ပေါ်ချင်သည့် ဈေးတန်းတစ်ရပ် (အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက်  ကားများ ၅၀၀၀ ဒေါ်လာ) သတ်မှတ်ချက်ဖြစ်သော်လည်း တင်သွင်းခွင့်ပြုသည့် မော်ဒယ်လ်ခုနှစ် သတ်မှတ်ချက်မှာ ၂၀၁၁ မှ ၂၀၁၄ အထိ အဆိုပါအင်ဂျင်ပါဝင်ကားလေးများမှာလည်း စလစ်ကပ်ပြီး တင်သွင်းရသည်ဖြစ်သဖြင့် ကားဝယ်ရောင်း များနှင့် တစ် ပိုင်တစ်နိုင် တင်သွင်းကြသူများ မှန်းချက်မကိုက် ဖြစ်သွားစေပြီး၊ သိန်း ၁၀၀ အထက်ဖြစ်နေသောကားများမှာ စလစ်ဈေးနှုန်းပါ ထပ်ဆောင်းပါဝင်ရမည့်သဘောဖြစ်နေသဖြင့် အင်ဂျင်ပါဝါကား အုပ်စုဝင်များမှာ ဆက်လက်၍ ဈေးတ က်ဖို့သာ ရှိကြောင်း ဝါရင့် ဝယ်ရောင်းသမား အကျိုးဆောင် ကိုမြင့်ကျော်က ပြောသည်။
         ဆက်လက်၍ ယာဉ်ဟောင်း အပ်နှံ စလစ်များ ယခင်ရက်သတ္တပတ်က သိန်း ၁၀၀ ဝန်းကျင်နှင့် ထပ်မံ ကျဆင်းနိုင်ခြေရှိသော်လည်း သက်ဆိုင်ရာမှ ဧပြီ ၁ ရက်မှစ၍ စလစ်ကပ်ကားများ ဝင်ငွေခွန်ကောက်မည့် သတင်းတစ် ရပ် ထွက်ပေါ် လာ၍ ဧပြီ ၁ရက်နေ့မတိုင်မီ ကျန်သည့် နှစ်လနီးပါး ကာလအတွင်း စလစ်ကပ်ရန် အပြိုင်အဆိုင်ပြန်လည် တင်သွင်းလာကြသဖြင့် စလစ်ဈေးတန်း များ လေး၊ ငါးသိန်းပြန်တက်လာကာ ယခုအခါ ကျပ်သိန်း ၁၀၄ ၊ ၁၀၅ သိန်း တို့ ပြန်လည် ရောက်လာကြောင်း၊ ထိုအခြေအနေ အရပ်ရပ်ကြောင့် ကားဈေးတန်း များ အတက်ဘက်သို့ ဦးတည်နေသော်လည်း ကားဈေးကွက်တွင် အမှန်ရောင်း ချလိုသူများမှ ဈေးတန်းညှိနှိုင်းရောင်းချရမှုများ ရှိလာ သဖြင့် ယခင်ကာလများ ကဲ့သို့ အရောင်းအဝယ်  အကောင်းကြီး မဟုတ်သော်လည်း ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးကွက် အနည်းငယ်ဖြစ်လာသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

 

SN