အဆောက်အအုံပါမစ် အွန်လိုင်းမှ လျှောက်ထားနိုင်သည့်စနစ် စတင်

Fri, 08/16/2019 - 04:08 -- admin_ygn

       ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC) နှင့် အပြည် ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ ပူးပေါင်းကျင်းပသည့် Pilot Testing Phase of  the Yangon Building Permit System (YBPS) အခမ်းအနားကို ဩဂုတ် ၉ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ ပထမထပ်၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့်  အဆောက် အအုံ   ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်များကို  စာရွက်စာတမ်းများနှင့် ဆောင်ရွက်နေ သည့် လုပ်ငန်းအစား ပိုမိုမြန်ဆန်လာ စေရေးအတွက် အွန်လိုင်းမှ Yangon Building Permit System (YBPS) စနစ်ဖြင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

       အခြေခံအဆောက်အအုံဆိုင်ရာ ခွင့်ပြုကြီးကြပ်ခြင်း လုပ်ငန်းစဉ်တစ်ခု ကို နည်းပညာအကူအညီနှင့် နိုင်ငံတကာ စံချိန်မီ Online စနစ်ကူးပြောင်းနိုင်ခြင်း ကြောင့်  မြန်မာနိုင်ငံအတွက် Doing Business Ranking တိုးတ က်စေရေးကို ကြီးမားစွာ အထောက်အကူ ပြုစေနိုင် မည်ဖြစ်သည်။ ယခု Launch ဆောင်ရွက်သော Pilot Test Phase အား ဆောင်ရွက်ပြီးပါက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွင် Fully Commercial Launch ဆောင်ရွက် ရန် မျှော်မှန်းထားကြောင်း သိရသည်။

      အဆိုပါ အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်၊ ဒုတိယမြို့ေ တာ် ဝန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေး မှူးနှင့်ကော်မတီဝင်များ၊  IFC မှ Country  Officer နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင် ရာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ နှင့် Pilot Project သင်တန်းပေးထားသော အင်ဂျင်နီယာ များ၊ အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြသည်။

 

ချောစုမာ

(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)