သီလဝါအထူးစီးပွားရေးဇုန် (B) တည်ဆောက်ရေးအတွက် Joint Venture Agreement Amendment လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်

Mon, 10/24/2016 - 04:36 -- admin_ygn

       သီလဝါအထူးစီးပွားရေးဇုန် (B) တည်ဆောက်ရေးအတွက် Joint Venture Agreement Amendment လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ရက်တွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်း ပရာ အဆိုပါ အခမ်းအနားသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွ င် မြန်မာ - ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် စီးပွားရေး မိတ်ဖက်အဖြစ် သီလဝါအထူးစီးပွား ရေးဇုန်ကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံဘက် မှအမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ  Ministry of Economy, Trade and Industry တို့က Memorandum of Cooperation လက်မှတ်ရေးထိုးခဲ့ရာမှ သမိုင်းတွင်သည့် မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါကြောင်း၊ ယနေ့သည်လုပ်ငန်းအောင်မြင်မှုအတွက် အတူတကွ ေ ရှ့ဆက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် အခွင့်အလမ်းကောင်းများ ရရှိမည်ဆိုသည်ကို အားရဝမ်းသာစွာ တွေ့ရှိရပါကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန် ဘက်စုံတည်ဆောက်ရေး ဆက်စပ်အခြေခံအဆောက်အအုံများ တည်ေ ဆာက်ရေး အကောင်အထည် ဖော်ရေးနှင့် သီလဝါ အထူးစီးပွားရေး ဇုန်အား နိုင်ငံတကာ အဆင့်မီဇုန်တစ်ခု ဖြစ်ပေါ်လာစေရေး စသည့် ဆောင်ရွက် ချက်များတွင် အဘက်ဘက်က ပူးပေါင်း ကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုအချိန်တွင် နိုင်ငံပေါင်း (၁၇)နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူပေါင်း ၇၂ ဦးကို ခွင့်ပြုထားပြီး စီးပွားဖြစ်စက်ရုံများ လည်ပတ်နေပြီ ဖြစ်သည့်အတွက်အလုပ် အကိုင် အခွင့်အလမ်းများ၊ ပို့ကုန်များ၊ သွင်းကုန်အစားထိုး လုပ်ငန်းများ တိုးတက်လာပြီ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုများ ကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားကာ လာရောက် ရင်းနှီးမြှုပ်နှံကြရာ ယနေ့ဆို လျှင် ဒုတိယ အဆင့်  Zone (B) ၁၀၁ ဟက်တာကို လက်မှတ်ရေးထိုးတော့ မည် ဖြစ်ပါကြောင်း၊ ယင်းအချက်သည် ရှေ့ဆက်လက်သွားမည့် အောင်မြင်မှု မှတ်တိုင်တစ်ခု ဆက်လက် ထူထောင် ခြင်း ဖြစ်ပါကြောင်း ပြည်ထောင် စုဝန်ကြီး က ပြောကြားခဲ့သည်။
         ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တာတဲရှိဟိဂူချီနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်တို့က နှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဂျပန်သံအမတ်ကြီးတို့၏ ရှေ့မှောက်တွင် တာဝန်ရှိသူများက သီလဝါအထူး စီးပွားရေးဇုန် (B) တည်ဆောက်ရေးစာချုပ်ကို လက်မှတ်ရေးထိုး ကြပြီး အပြန်အလှန် လဲလှယ် ခဲ့ကြကြောင်း သတင်းရရှိသည်။

 

MOC (IR)