ဝယ်လက်ပျောက်လို့ ပြည်နှမ်းဈေးကျ

Wed, 02/08/2017 - 07:35 -- admin_ygn

         ယခုတစ်ပတ်ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ဝယ်လက်ပျောက်ပြီး အဝင်များလာသဖြင့် ဈေးဆက်တိုက်ကျလာတာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ ပေါင်းတည်နှင့် နတ်တလင်းဘက်မှ တစ်နေ့ကို အိတ် ၅၀၀ ခန့်အဝင် ရှိနေတာ တွေ့ရပါ တယ်။လက်ရှိအချိန်တွင် ဝယ်လက်အဝယ်မရှိတဲ့အတွက် ဈေးကွက်တွင် နှမ်းလက်ကျန်များနေသဖြင့် ဈေးကျနေတာ တွေ့ရ ပါတယ်။ မနှစ်ကနဲ့ နှိုင်းယှဉ်ပါက ယခုနှစ်တွင် နှမ်းဈေးများ ကျလာရခြင်းမှာ ဝယ်လ က်ပျောက်နေသဖြင့် ဈေးကျနေတာ ဖြစ်တယ်လို့သိရပါတယ်။ ယခုတစ်ပတ်နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၂၀၀၀၀၊ နှမ်းနက် (ရိုးရိုး) တစ်တင်းလျှင်ကျပ် ၃၀၀၀၀နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ်၃၈၃၀၀ဖြင့် ယခင်တစ်ပတ် ထက် ဈေးကျလာတာ တွေ့ရပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၄၀၀ဖြင့် ဈေးငြိမ်နေတာတွေ့ရပါတယ်။

 

ဝေေ၀မင်း

Local Trade News

Pages