လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် နှီးနှောဖလှယ်ပွဲကျင်းပ

Thu, 09/12/2019 - 08:33 -- admin_ygn

     လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်  ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့်  အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့  Win Unity  Hotel ၌ စက်တင်ဘာ ၁ ရက်တွင် တစ်ရက်တာ ပြုလုပ်ခဲ့သည်။ နှီးနှောဖလှယ်ပွဲတွင်  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကား ပြောကြားကာ  SRCCI ဥက္ကဋ္ဌ ဦးမျိုးမင်းကျော်သီဟက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခဲ့သည်။

      ဒေသတွင်းဆောင်ရွက်လျက်ရှိသော  လုပ်ငန်းများအနေဖြင့်ကျန်းမာရေးနှင့် အလုပ်သမားရေးရာကဏ္ဍတွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို UMFCCI တွဲဖက်အတွင်းရေးမှူး  ဒေါ်ခိုင်ခိုင်နွယ်က လည်းကောင်း၊ အခြေခံ လူသားအရင်းအမြစ်  တည်ဆောက်ရေး လုပ်ငန်းကော်မတီနှင့် ပတ် သက်၍ ရှေ့ဆက်လက်အကောင်အထည်ဖော်   ဆောင်ရွက်မည့် အစီအစဉ်များအကြောင်းကို ပညာရေးဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်  လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က  လည်းကောင်း၊ Public Private Partnerships for Agriculture and Food Sector Development Modernizing TVET  Curriculum and Training Programs အကြောင်းကို အမေရိကန် နိုင်ငံကောနယ်(လ်)တက္ကသိုလ်မှ ပါမောက္ခဒေါက်တာခင်မာချိုကလည်းကောင်း၊ SRCCI ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဇော်က စစ် ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ နှင့် ကဏ္ဍအလိုက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်နိုင် မည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

     ဆက်လက်၍    စစ်ကိုင်းတိုင်းဒေသကြီး ဖွံံ့ဖြိုးတိုးတက်ရန် အတွက်ဒေသတွင်း လုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့်အသိပညာ (Soft Skill)နှင့်လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ်ချက်များ ဖော်ထုတ်ခြင်း၊ ဒေသ မှတောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်း အမျိုးအစားတစ်မျိုး ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်မည့် သင်တန်းများကို ရေရှည်ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေး အဖွဲ့လိုက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ 

 

နှင်းပန်းဖြူ

Local Trade News

Pages