လက်မှတ်အတု၊ မှတ်ပုံတင် အတုဖြင့် မော်တော် ယာဉ် လိုင်စင် လျှောက်ထားမှု အား အရေးယူဆောင်ရွက်

Mon, 10/31/2016 - 06:22 -- admin_ygn

       စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တွင် အောက်တိုဘာ ၂၁ ရက်နေ့က လက်မှတ်အတု၊ မှတ်ပုံတင်အတုဖြင့် မော်တော်ယာဉ် လိုင်စင်လျှောက်ထား လာသည့် အမျိုးသမီးနှစ်ဦးအား စစ်ဆေး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ထိုနေ့ နံနက် ၁၀ း ၃၀ အချိန်က မော်တော်ကားပါမစ် လျှောက်ထားသူ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူတစ်ဦးမှ တင်ပြလာ ေ သာ စာရွက်စာတမ်းများကို စိစစ်ရာတွင် ယာဉ်တင်သွင်းသူ အဖြစ် လက်မှတ်အတု ရေးထိုးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အသက်မပြည့်သေး သူမောင်ဇင်မျိုးအောင်၏ ဓာတ်ပုံအား အစားထိုးလဲလှယ်ကပ်၍ လာရောက်လိမ် လည်လျှောက်ထားခဲ့သည်ကို စစ်ဆေး တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မော်တော်ယာဉ် လာရောက် လျှောက် ထား သူ ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ မှတ်ပုံတင်အတုပြုလုပ်ဆောင် ရွက်ပေးသူ ဒေါ်နှ င်းနှင်း(ခေါ်) ဒေါ်သက်မာဦး တို့ အား ဥဒေအရ အရေးယူပေးပါရန် ပန်းဘဲတန်းမြို့နယ် မြို့မ ရဲစခန်း သို့ အမှုဖွင့် တိုင်တန်းခဲ့ပြီး အောက်တိုဘာ ၂၁ ရက်နေ့ ၂၂း၂၅ အချိန်တွင် ပန်းဘဲ တန်းမြို့မရဲစခန်းမှ (ပ) ၂၈၄/၂၀၁၆၊ ရာဇသ တ်ကြီး ဥပဒေပုဒ်မ- ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

 

ပို့ုကုန် သွင်းကုန်(ရန်ကုန်)