ရန်ကုန်ရေပေးဝေရေးလုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရန် စီစဉ်နေ

Mon, 09/02/2019 - 08:59 -- admin_ygn

        ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC) က လက်ရှိလုပ် ကိုင်လျက်ရှိသည့် ရန်ကုန်မြို့ ရေပေးေ၀ သည့် လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောသည်။ သြဂုတ် ၁၉ ရက်က မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေဖြန့်ဖြူးမှုလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းကို မြို့နယ်၊ ရပ်ကွက် အလိုက် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပြီး ရေအလေအလွင့် လည်း နည်းပါးသွားနိုင်ကြောင်း ရန်ကုန် မြို့တော်ဝန်က ပြောသည်။ "အစိုးရဝန်ထမ်း မလုံမလောက် နဲ့ ထိန်းနေရင် အစိုးရ ဝန်ထမ်းနဲ့ ရေ မသမာမှုလုပ်သူနဲ့ အပေးအယူ မျှသွား မှာလည်း ရှိနိုင်လို့ အကောင်းဆုံးနည်းက ပုဂ္ဂလိကပေးချင်တယ်။ ဈေးနှုန်းကန့် သတ်ပြီး ပုဂ္ဂလိက လုပ်နိုင်လား၊ လုပ်နိုင် လို့ပေးလိုက်ရင် ရေအလေအလွင့် နည်း လာမယ်။ အလေအလွင့် နည်းပြီဆိုရင် ဈေးတက်တာကို ခုခံပြီးတောင့်ထားနိုင် မယ်။ ဈေးမတက်ဖြစ်အောင် ဟန့်တားနိုင် တဲ့ သဘောမျိုးဖြစ်တဲ့အတွက် ပုဂ္ဂလိက စိတ်ဝင်စားတဲ့သူလုပ်ဖို့ ဒီလထဲမှာပဲ ကျွန်တော်ခေါ်ပါမယ်"ဟု ၎င်းက ပြောသည်။
       လက်ရှိ ရန်ကုန်မြို့အတွင်း ရေဖြန့် ဖြူးပေးမှုအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးခြင်းကသာ ရေခိုးသွယ်မှုများကြောင့် ရေလေလွင့်ဆုံးရှုံးခြင်းနှင့် ရေမီတာခ နှုန်းထားများ တိုးမြှင့်ကောက်ခံခြင်းကို ဟန့်တားနိုင်မည် ဖြစ်သည် ဟုဆိုသည်။ ထိုကြောင့် စည်ပင်ရေပေးဝေးရေးလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသို့ တင်ဒါစနစ် ဖြင့် လုပ်ကိုင်ခွင့်ပေးရန် ယခုလအတွင်း EOI (စိတ်ဝင်စားမှုအဆိုပြုလွှာ) ခေါ်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ "ရေလေလွင့် ဆုံးရှုံးတာကို Cover လုပ်နိုင်ရင် အမှန်တကယ်သုံးတဲ့ လူက ဒီရေဈေးနှုန်းနဲ့ပဲဆက်ပြီး သူသုံးနိုင်မယ်။ ရေကိုကျွန်တော်တို့ တွက်တဲ့အခါမှာ ရေစရိတ်မှာ နှစ်မျိုးပါတယ်။ ကျွန်တော် တို့ဆီမှာ ပုံသေစရိတ်နဲ့ လည်ပတ်တဲ့ စရိတ် အပေါ်မူတည်ပြီးတော့ ဈေးတွက် မယ်ဆိုရင် အခုရှိတဲ့ ဈေးနှုန်းဟာ ပွင့်ပွင့် လင်းလင်းပြောရင် ဒီစရိတ်ထက် စက် ယန္တရားစရိတ်တွေ ဘာတွေ ထည့်မပြော နဲ့ဦး လည်ပတ်တဲ့စရိတ်နဲ့ ရှိနေတဲ့ ဈေးနဲ့ ယှဉ်ရင်တောင်မှ အဲဒီဈေးနှု န်းက နည်းနေသေးတယ်။ အဲဒီအတွက်ကြောင့် ရေက လျှပ်စစ်လိုပဲဖြစ်နေတယ်။ ရေကို များများ ထုတ်လေ များများရှုံးလေပါပဲ။ ရတဲ့ နှုန်းထားနဲ့ ရေရဲ့ထုတ်လုပ်တဲ့ နှုန်း ထားစရိတ်နဲ့ မကာမိဘူး"ဟု ၎င်းက ပြောသည်။ " YCDC မှ လက်ရှိ ရောင်းချသည့် ရေဈေးနှုန်းသည် မန္တလေးမြို့ထက် သက်သာလျက်ရှိပြီး ရေမီတာခကောက် ခံမှု နှုန်းထားသည်လည်း အိမ်သုံးမီတာ အတွက် တစ်ယူနစ်လျှင် ၈၈ ကျပ် ကောက်ခံကာ စီးပွားရေးလုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင်  ကျပ် ၁၁၀ ကောက်ခံနေကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages