ယမန်နှစ်ကာလတူထက်ပဲမျိုးစုံအမေရိကန်ဒေါ်လာ ၁၇၁ သန်းကျော်ဖိုးပိုမိုတင်ပို့

Tue, 10/18/2016 - 08:07 -- admin_ygn

      ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ပို့ကုန်တင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ  ၅၉၃၅ ဒသမ ဝ၀၉ သန်းဖြစ်ပြီး ယမန်နှစ်ကာလတူက တင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၅၆၅၉ ဒသမ ၈၁၂ သန်းဖြစ်တဲ့အတွက် ကာလတူ ထက် အမေရိကန်ဒေါ်လာ ၂၇၅ ဒသမ ၁၉၇ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ပိုမိုတင်ပို့နိုင်တဲ့ပစ္စည်း များမှာ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန် ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်းနဲ့ အခြားပစ္စည်းများ ဖြစ်ပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်းတန်ဖိုးပိုမိုရခြင်းမှာ ပဲအမျိုး မျိုးနှင့်နှမ်း တင်ပို့မှု တန်ဖိုးပိုမိုခဲ့ပြီး ပဲအမျိုးမျိုး တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲကတ္တီပါ(စွန်တာနီ/ပြာ)၊ ပဲဖြူလေး၊ ဘို ကိတ်ပဲနဲ့ မြေပဲဆန်တို့ တင်ပို့မှု တန်ဖိုးပိုမိုခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ပဲအမျိုးမျိုးတင်ပို့မှုမှာ ဘဏ္ဍာ နှစ်စမှ အောက်တိုဘာ ၇ ရက်အထိ အမေရိ ကန်ဒေါ်လာ ၈၇၂ ဒသမ  ၃၄၈သန်း ဖိုးတင်ပို့ပြီး ယမန်နှစ်ကာလတူက အမေရိကန်ေ ဒါ်လာ ၇၀ဝ ဒသမ ၇၆၃ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁၇၁ ဒသမ ၅၈၅ သန်းတန်ဖိုးပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး