ယခုတစ်ပတ် ဒီဇယ်၊ ဓာတ်ဆီအဝင်လျော့

Thu, 01/16/2020 - 08:01 -- admin_ygn

    ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၃၁၀ဝ၀၁၀ တန်ဖိုးရှိ ဓာတ်ဆီ ၆၂၄၆၄ ဒသမ ၆၆ တန်နှင့် အမေရိကန်ဒေါ်လာ ၄၀၉၉၄၃၂၃ တန်ဖိုးရှိ ဒီဇယ် ၇၀၂၅၄ ဒသမ ၅၇ တန်၊ စုစုပေါင်းဓာတ်ဆီ၊ ဒီဇယ် ၁၃၂၇၁၉ ဒသမ ၂၃ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၇၁၄၅၃ ဒသမ ၈၉ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၁၉၉ ဒသမ ၃၂ တန်၊ ယခင်တစ်ပတ်က ဓာတ်ဆီ ၇၄၈၅၇ ဒသမ ဝ၂ တန်တင်သွင်းခဲ့ခြင်းကြောင့်  ယခုတစ်ပတ်တင်သွင်းမှု နှင့်နှိုင်းယှဉ်လျှင် ၁၂၃၉၂ ဒသမ ၃၆ တန် တင်သွင်းမှုလျော့ နည်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုတစ်ပတ်ဒီဇယ်ရောဓာတ်ဆီပါ အဝင်လျော့ ခဲ့သည်။ နယ်စပ်စခန်းဖြစ်သည့် မြိတ်ကုန်သွယ်ရေးစခန်းမှ   အမေရိကန်ဒေါ်လာ ၁၂၃၃၀ဝ၀ တန်ဖိုးရှိ ဒီဇယ် ၂၀၄၆ ဒသမ ၃၈ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၇၅၇၄၉ တန်ဖိုးရှိ ဒီဇယ် ၂၈၅ဒသမ ၉၅ တန်နှင့် အမေရိကန် ဒေါ်လာ ၁၆၀၇၄၂ တန်ဖိုးရှိ ဓာတ်ဆီ ၂၈၅ ဒသမ ၅၄ တန် တင်သွင်းခဲ့ကြောင်းသိရသည်။

 

သီတာဝင်း(DOT)

Local Trade News

Pages