ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတန်ချိန် လေးသောင်းကျော်တင်ပို့

Thu, 01/16/2020 - 07:53 -- admin_ygn

     ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၃ ရက် ကာလအတွင်း မြန်မာ- တရုတ်နယ်စပ်နှင့်   မြန်မာ-ထိုင်း နယ်စပ်ရှိ  ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်တန်ဖိုးရှိ ဆန်တန် ချိန် ၆၂၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ   ဆန်တန်ချိန် ၅၀ဝ၀ နီးပါး၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၉၀ နီးပါး၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၉၄၀ နှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၅တန်တင်ပို့ခဲ့သည်။ ယခင် တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ် လျှင် တန်ချိန် ၄၄၀ ခန့် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရ သည်။

    ယခုတစ်ပတ်ကုန်သွယ်ရေးစခန်းများမှ   အမေရိ ကန်ဒေါ်လာ သုည ဒသမ ဝ၄၈ သန်းတန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၂၀ဝ ကျော်တင်ပို့ခဲ့သည်။  မြဝတီကုန်သွယ်ရေး ဇုန်မှ တန်ချိန် ၁၅၀ နှင့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၆၆ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်ကွဲတင်ပို့မှု ၁၂၀ တန် ပိုမိုခဲ့ ကြောင်း သိရသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ  ဒီဇင်ဘာ ၂၉ မှ ဇန်နဝါရီ ၄ ရက် ကာလအတွင်း  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၅ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန်သုံးသောင်း ငါးထောင်နီးပါး တင်ပို့ခဲ့ကြောင်း သိရသည်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ  အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၀ဝ၀ နီးပါး၊ အီးယူနိုင်ငံများသို့ တန်ချိန် ၃၆၀ဝ ကျော်နှင့် အာဖရိကနိုင်ငံများသို့ တန်ချိန် ၁၆၀ဝ၀ ခန့် တင်ပို့ခဲ့သည် ဟု သိရသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ငါးထောင်ကျော် ပိုမိုခဲ့သည်။

    ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်တာ တစ်ပတ် အတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာသုည ဒသမ ၆၉ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၆၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ အီးယူနိုင်ငံများသို့ တန်ချိန် ၁၅၀ဝ ကျော်၊ အာရှနိုင်ငံများသို့  တန်ချိန် ၆၀ဝ ကျော်နှင့် အာဖရိကနိုင်ငံများသို့   တန်ချိန် ၅၀ဝ ကျော် တင်ပို့ခဲ့ ကြောင်း သိရသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ် ပါက တန်ချိန် ၈၈၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့သည်။ ယခင်တစ်ပတ်  ဆန်နှင့်ဆန်ကွဲ တင်ပို့မှုစုစုပေါင်း လေးသောင်းကျော် တင်ပို့နိုင်ခဲ့သော်လည်း  ယခင်တစ် ပတ်   တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၄၀ဝ၀ နီးပါး လျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။

 

အေးအေးသန့်

Local Trade News

Pages