မွန်ပြည်နယ်၏ အမယ်သစ်ထုတ်ကုန် ဝဥ စိုက်ပျိုးထုတ်လုပ်မှု

Fri, 09/06/2019 - 04:53 -- admin_ygn

      ဝဥသည် စိုက်ပျိုးရလွယ်ကူသည့် သီးနှံတစ်မျိုးဖြစ်ပြီး တစ်နှစ်မြေရိုင်း ရှင်းပြီးလျှင် နောက်နှစ်များတွင် တောခုတ်ရှင်းလင်းစရိတ်များ သက်သာ ကာ ၎င်းမြေကို နှစ်စဉ်အသုံးပြုစိုက်ပျိုးနိုင်သည်။ လက်ရှိအချိန်တွင် တစ် ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်ကိုးသိန်းခန့်ရှိ၍ ဝင်ငွေမှာ ၁၉ သိန်းရှိရာ တစ်ဧကစိုက်လျှင် ကျပ် ၁၀ သိန်းခန့်အမြတ်ရရှိနိုင်သဖြင့် တောင်သူများ အနေဖြင့် တွက်ခြေကိုက်သည့် သီးနှံအမယ်သစ်တစ်ခုအဖြစ် စိုက်ပျိုးလာ ကြ သည်။

    မွန်ပြည်နယ်တွင် လက်ရှိဝဥအခြောက်ခံသည့်စက်ရုံပေါင်းသုံးရုံရှိ နေပြီး ထပ်မံ၍ မော်လမြိုင်မြို့ ကျောက်တန်းစက်ရုံနယ်မြေတွင် တစ်ရက် တန်၃၀ ကျ စက်ရုံနှစ်ရုံ ထပ်မံတည်ဆောက်လျက်ရှိကြောင်း၊ ဝဥအခြောက်ခံသည့် စက်ရုံများအနေဖြင့် ကုန်ကြမ်းလိုအပ်ချက်ရှိနေပြီး ဝဥအစိုကုန်ကြမ်းများကို မွန်ပြည်နယ်အတွင်းရှိ ဒေသများအပြင် ပဲခူးတိုင်း ရွှေကျင်၊ ကရင် ပြည်နယ်  ကြာအင်းဆိပ်ကြီး၊ တနင်္သာရီတိုင်းတို့မှ စုဆောင်းဝယ်ယူခြင်းတို့ ဆောင် ရွက်လျက်ရှိရာ လက်ရှိစက်ရုံအရောက်ဈေးနှုန်းမှာ ဝဥအစိုတစ်ပိသာ လျှင် ကျပ်၁၃၅၀ မှ ၁၄၅၀ ကြားထိရှိကြောင်း၊ စက်ရုံလုပ်ငန်းရှင်များအနေဖြင့် မွန်၊ ကရင်၊ တနင်္သာရီဒေသထွက် ဝဥများသည် အရည်အသွေးပိုမိုကောင်း မွန်၍ ဈေးကောင်းပေးဝယ်ယူကြကြောင်းသိရှိရသည်။

     ဝဥအခြောက်ခံသည့်စက်ရုံများအနေဖြင့် တစ်နေ့လျှင် ဝဥအစို တန်ချိန် (၃၀-၃၅) တန်နှုန်းဖြင့် အခြောက်ခံလျက်ရှိပြီး အခြောက်ခံ၍ ထွက်ရှိလာသော ဝဥများကို ရန်ကုန်သို့သယ်ဆောင်အမှုန့်ကြိတ်၍ ဂျပန်နိုင်ငံသို့ တင်ပို့ြ ခင်း၊ မော်လမြိုင်-မန္တလေးမူဆယ်လမ်းကြောင်းမှ တစ်ဆင့်တရုတ် နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

 

မိုးမိုး(မွန်)