မြန်မာ့လက်မှု ကြိမ်ထည်ပစ္စည်းဈေးကွက်

Thu, 08/08/2019 - 03:16 -- admin_ygn

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ ဧရာကုန်သွယ်မှုဗဟိုဌာနတာဝန်ခံသည် ကုန်သွယ်မှုသတင်းအချက် အလက်ဖြန့်ဝေပေးရေးနှင့် ကုန်သွယ်မှုနှင့်ပတ်သက်သော ဝန်ေ ဆာင်မှုလုပ်ငန်း များကို ဒေသတွင်းထုတ်ကုန်လုပ်ငန်းရှင်များနှင့် ပိုမိုထိရောက်စွာ၊ ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင် ၂၈  ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်သို့  သွားရောက်၍  ဒေသတွင်းထုတ်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
       ရေကြည်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးတွင် ကြိမ်၊ ဝါးလက်မှုပစ္စည်း အများဆုံး ထွက်ရှိရာဒေသဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဝယ်လက်များနှင့် များစွာချိတ် ဆက်ဆောင်ရွက် ရောင်းဝယ်လျက်ရှိသော ဒေသလည်းြ ဖစ်သည်။ သို့သော် ယခု အခါတွင်ဒေသတွင်းထုတ်ကုန်လုပ်ငန်းရှင်များသည် ၎င်းင်းတို့၏ ကြိမ်၊ ဝါး လက်မှု ထည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် အရင်းအနှီး၊ နည်းပညာနှင့် ထုတ်ကုန်ပစ္စည်း ဒီဇိုင်းအားနည်းချက် များကြောင့် ယခင်ကာလများလောက် အရောင်းအဝယ်မဖြစ်ဘဲ ပြည်တွင်းဈေးကွက်အနည်းငယ်သို့သာ တင်ပို့ရောင်းချလျက်ရှိသည်။ ဒေသတွင်းလုပ်ငန်းရှင်များသည် ပြည်ပဝယ်လက်များနှင့် တိုက်ရိုက်ချိတ် ဆက်နိုင်ခြင်းမရှိ ဘဲ ပြည်ပဝယ်လက် အချိတ်အဆက်ရှိသော ကုမ္ပဏီများက ထုတ် ကုန်ပစ္စည်း ဒီဇိုင်းပေး၍လုပ်ငန်းဆောင်ရွက်ခိုင်းစေခြင်းဖြင့်သာ လက်ခစားပုံစံဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သော Glorios Company သည်ထိုင်းနိုင်ငံတွင်ရုံးခွဲတစ်ခုဖွင့်လှစ်ပြီး ပြည်ပနိုင်ငံများမှ မှာယူသော ကြိမ်၊ ဝါး လက်မှုထည်ပစ္စည်းဒီဇိုင်း နမူနာပုံစံများအတိုင်း ရေကြည်မြို့နယ်ရှိ လက်မှု ပညာရှင်များအား ထုတ်လုပ်စေပြီး တင်ပို့ရောင်း ချခြင်းဖြစ်ကြောင်း သိရှိရသည်။
        Glorios Company သည် လင်ပန်းပုံစံအမျိုးမျိုး၊ ဖိုင်ထည့်ခြင်းပုံစံ အမျိုးမျိုး နှင့် အမှိုက်ခြင်းပုံစံအမျိုးမျိုးတို့ကို အရွယ်အစားအစုံ ကုန်ပစ္စည်းအမယ်ပေါင်း ၁၀၀၀၀ ကျော်အထိ ထုတ်လုပ်လျက် ပြည်ပနိုင်ငံများသို့ ဈေးကွ က်ချိတ်ဆက်၍ တစ်လလျှင် ပျမ်းမျှ ကွန်တိန်နာသုံးလုံးခန့် တင်ပို့ရောင်းချလျက်ရှိသည်။ မှာယူတင် သွင်းသောနိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ USA ၊ ပြင်သစ်နှင့် ဘယ်ဂျီယံ နိုင်ငံများသို့ တင်ပို့လျက်ရှိရာ ပြင်သ စ်နှင့်ဘယ်ဂျီယံနိုင်ငံများသို့ အများဆုံးတင်ပို့ ရောင်းချလျက်ရှိသည်။ ရေကြည်မြို့နယ်ရှိ လက်မှုပညာရှင်များကိုလက်ခစားထုတ် လုပ်စေခြင်းဖြစ်ပြီး ကျေးရွာပေါင်း ၂၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးထားနိုင် ကြောင်း သိရှိရသည်။ အခြားသော ထုတ်ကုန်လုပ်ငန်းရှင်များအတွက်လည်း သက်ဆိုင်ရာဌာန များ၏ အကူအညီဖြင့် ပြည်ပဈေးကွက်ချိတ်ဆက်ပေးခြင်း၊ နမူနာ ဒီဇိုင်းများပေး၍ ဆောင်ရွက်စေခြင်း၊ ခိုင်မာသော  ပြည်ပဝယ်လက်များ ရှာဖွေပေးခြင်းတို့ ဆောင် ရွက်နိုင်လျှင် ကြိမ်၊ ဝါးလက်မှုထည်အခန်းကဏ္ဍ ပြန်လည်တိုးတက်၍ပြည်ပပို့ကုန် မြှင့်တင်ရေးကဏ္ဍတွင်လည်း အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။

 

နေဝင်းစိုး