မေလဆန်းအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ခွင့်ပြု

Thu, 05/23/2019 - 06:27 -- admin_ygn

      ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အောက်တိုဘာ  ၁  ရက်မှ  စတင်ကာ ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်အထိ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံကျော်ရှိခဲ့ပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု  ကော်မရှင်မှ သိရသည်။
       ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၅ ခုကို ခွင့်ပြုအတည်ပြုပေးခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နံှမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၃၄ ဒသမ ၅၆၃ သန်းဖြစ်ေ ကြာင်း၊ အထူးစီးပွားရေးဇုန်ဥပဒေအရ ယခု ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံ မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၄ ဒသမ ၀၇၀ သန်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခု ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၅၆၈ ဒသမ ၆၃၃ သန်းကို ခွင့်ပြုပေး ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်သော အချက် အလက်များအရ သိရသည်။ ထို့ပြင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင်လည်း နိုင်ငံသား ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း ၉၁ ခုကို ခွင့်ပြုအတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါ အဝင် နိုင်ငံသားရင်းနှီးမြှုပ်နံှမှုပမာဏ မှာ ကျပ်  ၉၀၆ ဘီလီယံကျော်ကို ခွင့်ပြုပေး ခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages