မုံရွာကုန်စည်ဒိုင် နိုဝင်ဘာ တတိယပတ် ပဲဈေးကွက် မြေပဲလုံးဆန် ဆက်လက်ဈေးမာ

Wed, 11/23/2016 - 07:55 -- admin_ygn

        မုံရွာကုန်စည်ဒိုင်ရဲ့ နိုဝင်ဘာ တတိယပတ် ပဲဈေးကွက်မှာ ပဲမျိုးစုံ ဈေးဆက်လက်အေးနေပေမယ့် မြေပဲလုံးဆန်ကတော့ ဆက်လက် ဈေးမာနေတာ တွေ့ရပါတယ်။  မုံရွာ ကုန်စည်ဒိုင်သို့ အနယ်နယ်အရပ်ရပ်မှ မြေပဲလုံးဆန်တွေ အဝင်လှိုင်လာခဲ့ပြီး တောင်နယ်လို့ခေါ်တဲ့ မြောင်၊ မြင်းမူနယ်က ဝင်လာတဲ့ မြေပဲက အရည်အသွေး ကောင်းလို့ အြ ခားဒေသထွက်  မြေပဲ တွေထက် ဈေးပိုရကာ တစ်ပိဿာ ကျပ် ၃၀ဝ နီးပါးအထိ ကွာခြားမှုရှိတယ်လို့ ပွဲရုံရပ်ကွက်ကသိရပါတယ်။ ယခုတစ်ပတ်မှာ မြေပဲလုံးဆန်နီက တစ်ပိဿာအေ ဟာင်း ကျပ် ၂၀ဝ၀ နဲ့ အသစ် ကျပ် ၂၃၅၀ အထိ၊ လုံးဆန်ဖြူက တစ်ပိဿာ အဟောင်း ကျပ် ၂၁၀ဝ၊ အသေး ကျပ် ၂၅၀ဝ အထိ ဈေးမာလာခဲ့ပြီး  ဒေသတွင်းလုပ်ငန်း သုံး ဝယ် လက်စုံနဲ့  မန်းဝယ်လက်ရှိလို့ တစ်ရက် အိတ် ၁၀ဝ၀ ကျော် အရောင်း အဝယ်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။
        ယခုတစ်ပတ် ပဲမျိုးစုံ ဈေးကွက် မှာ လက်ကျန်နည်းတဲ့ကုလားပဲက ဈေး အနည်းငယ်တက်ခဲ့ကာ ဠ၂ တစ်တင်း ကျပ် ၄၇၀ဝဝ၊ ထိုင်ဝမ်  တစ်တင်းကျပ် ၄၅၀ဝ၀ နဲ့ ၉၂၉ တစ်တင်း ကျပ် ၄၄၀ဝ၀ အသီးသီးပေါက် ဈေးဖြစ်ပေါ်ခဲ့ပြီး ဠ၂ က တစ်ရက်အိတ်၁၀ဝ ခန့်နဲ့ လက်ကျန် ရှိတဲ့ ၉၂၉ က တစ်ရက် အိတ် ၄၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။  ငုံနီဈေးကွက်ကတော့ အရောင်း အဝယ် မဖြစ်သလောက်  အရောင်း အဝယ်ကျဲခဲ့လို့ တစ်တင်း အနည်းဆုံး ကျပ် ၂၈၅၀ဝ မှ အမြင့်ဆုံး ကျပ်၃၀၂၀ဝ အထိ ေ ပါက်ဈေးဖြစ်ပေါ်ခဲ့တာ တွေ့ရ ပါတယ်။
         ပဲတီစိမ်းဈေးကွက် အနေနဲ့လည်း စိမ်းကြီး တစ်တင်း   ကျပ် ၂၅၀ဝ၀ နဲ့ စိမ်းသေး တစ်တင်း ကျပ် ၂၅၅၀ဝ မှာ ဆက်လက်ဈေးငြိမ်နေပြီး တစ်ရက် အိတ် ၂၀ဝ ခန့်စီ အေ ရာင်းအဝယ်ဖြစ် နေတယ်လို့ ဆိုပါတယ်။ အခြားပဲမျိုးစုံဈေးကွက်မှာ မြေ ထောက်ပဲ၊ ပုဂံပဲ၊ ပဲယင်း နဲ့  မလွမ်းပိုပဲ တွေ ဈေးအနည်းငယ်မာလာကာ မြေ ထောက်ပဲ တစ်တင်း ကျပ် ၂၇၀ဝဝ၊ ပုဂံပဲ တစ်တင်း ကျပ် ၂၄၅၀ဝ၊ ပဲယင်း တစ် တင်း ကျပ် ၁၆၀ဝ၀ နဲ့ မလွမ်းပို တစ် တင်း ကျပ် ၂၀ဝဝဝ ပေါက်ဈေးဖြစ်ပေါ် ခဲ့ပြီး ကျန်လက်လီပဲဈေးကွက်မှာတော့ စွန် တာနီ တစ်တင်း ကျပ် ၁၅၅၀ဝ၊ ပဲနီလုံးကြား  ကျပ် ၁၇၉၀ဝ၊ ပဲကြီးကျပ် ၂၆၀ဝဝ၊ ၂၄၅၀ဝ နဲ့ ထောပတ်ပဲ တစ် တင်းကျပ် ၁၅၅၀ဝ အသီးသီး ပေါက် ဈေးငြိမ်ကာ တစ်မျိုးလျှင် အိတ် ၁၀ဝ မှ ၂၀ဝ ကြား ပုံမှန်သာ  အရောင်းအဝယ် ဖြစ်လျက်ရှိတယ်လို့ မုံရွာကုန်စည်ဒိုင် ရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင် (မုံရွာ)