မန်းသကြားဒိုင်မှာ သကြားကုန်ကြမ်းဈေးမာသလောက် ကုန်ချောဈေးကို လိုက်မမီဘဲဖြစ်နေ

Wed, 06/29/2016 - 04:06 -- admin_ygn

       မန္တလေးမြို့ (မြန်မာနိုင်ငံ သကြား၊ သကာရည်လုပ်ငန်းရှင်များ ကထိန်တော် အသင်း) သကြား  ကုန်စည်ဒိုင်မှာ အနယ်နယ်အရပ်ရပ်မှ သကြားကုန်သည်၊ စက်ပိုင်များ၊ ပွဲစားများနှင့်သကြားနှင့် ပတ်သက်သော  လုပ်ငန်းရှင် များ နေ့စဉ်(ဥပုသ်နေ့မှ အပ) သကြားနဲ့ သကာရည်များလာရောက်ပြီး အရောင်းအဝယ်ပြုလုပ်ကြောင်း သိရပါတယ်။
        ယခု ၂၀၁၆ ခုနှစ် ဇွန်လစတုတ္ထပတ်တွင် သကြားတစ်ပိဿာဈေးနှုန်းများ မှာ သကြားA ၁၂၂၅ ကျပ်၊ သကြားB ၁၂၁၅ ကျပ်၊ သကြားC ကျပ် ၁၂၀၀ နဲ့   အရောင်းအဝယ်ဖြစ်ပြီး သကာပွက်ရည်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၈၀၀ မှ ကျပ် ၈၂၀ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ နေ့စဉ်သကြား(ပိဿာ ၃၀ အိတ်) အိတ် ၅၀၀၀ မှ ၇၀၀၀ အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပွက်ရည်ဈေးမှာ ယခင်လက တစ်ပိဿာကို ကျပ် ၁၄၀ တက်သွားပါတယ်။ ပွက်ရည်က အခုချိန်ဆိုလျှင် ရှားပါး လာကြောင်း၊ ပွက်ရည် ဈေးတက်သွားပေမယ့် သကြားဈေးကထင်သလောက်တက်မလာဘဲ ယခင်လကာလတူ ဈေးထက် တစ်ပိဿာ ကျပ် ၄၀ သာတက်လာကြောင်း၊ တရုတ်သို့တင်ပို့မှု  မရှိသေ လာက်နည်းပါးကြောင်း၊ မုန့်လုပ်ငန်းရှင်များ၊ အချိုရည်လုပ်ငန်းရှင်များ၊ နို့ချက်စက်ရုံလုပ်ငန်းရှင်များက ဝယ်ယူနေတာကြောင့် အရောင်းအဝယ်မှာ ပုံမှန်ရှိနေကြောင်း၊ သို့သော်ကုန်ကြမ်း(ပွက်ရည်) ဈေးမြင့်တက်ပေမယ့် အလားတူ ကုန်ချော(သကြား) ဈေး လိုက်မတက်နိုင်တဲ့အတွက် အကျိုးအမြတ် အနည်းငယ်လျော့နည်းကြောင်းသကြားစက်ပိုင်ကုန်သည်ကြီးတစ်ဦးက ပြောကြားကြောင်းသိရပါတယ်။

 

စိုးအောင်-မန္တလေး