ဘိလပ်မြေဈေးကွက် အရောင်းသွက်

Thu, 12/21/2017 - 04:46 -- admin_ygn

        မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ရာသီဥတုသာယာတာကြောင့် အရောင်းအဝယ်သွက်တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဆင်မြန်မာက ကျပ် ၃၀၀ ဈေးကျခဲ့ပြီး စိန်ဘိလပ်မြေက၂၇၅ ကျပ်ဈေးမြင့်ကာ အရောင်းအဝယ်ဖြ စ်တယ်လို့ အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်မြန်မာ ကျပ် ၄၆၅၀၊ ဆင်(ထိုင်း) ကျပ် ၅၅၅၀၊ ကြံ့(မြိုင်ကလေး) ကျပ် ၄၈၅၀၊ စိန် (ထိုင်း) ကျပ်၅၅၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်း သိရှိရပါတယ်။ မန္တလေဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ်အရောင်းအဝယ်သွက်ပြီး ဈေးငြိမ်တယ်လို့ သိရပါတယ်။ ဈေးကွ က်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ခရောင်း ဘိလပ်မြေ ကျပ် ၅၁၀၀၊ ကြံ့နှစ်ကောင် ကျပ် ၅၀၀၀၊ အယ်လ်ဖာ ကျပ် ၄၈၀၀၊ ဆင်မင်း (ကျောက်ဆည်) ကျပ် ၃၉၀၀၊ အေသုံးလုံး ကျပ် ၄၈၀၀၊ ကျားခေါင်း ကျပ် ၄၂၀၀ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရပါတယ်။
       မကွေးဘိလပ်မြေဈေးကွက်မှာ ရာသီဥတုသာယာတာကြောင့် အရောင်းအဝယ်သွက်ပြီးဘိလပ်မြေများက ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါ တယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်မြန်မာ ကျပ် ၄၈၀၀၊ ကြံ့ကျပ် ၄၇၀၀၊ ဆင်(ထိုင်း) ကျပ် ၆၄၀၀၊ စိန်(ထိုင်း) ကျပ် ၆၁၀၀  နဲ့  အရောင်းအဝယ် ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပွင့်လင်းရာသီနဲ့အတူ ဆောက် လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်လာတာကြောင့် အရောင်းအဝယ်သွက်တယ်လို့ သိရပါတယ်။ နယ်ဘက်က အမှာရှိသလို ရန်ကုန်မြို့တွင်းကလည်း အဝယ်ရှိပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင် (ထိုင်း) ကျပ် ၅၈၀၀၊ စိန်(ထိုင်း) ကျပ် ၅၇၀၀၊ ကြံ့နှစ်ကောင် (နီ) ကျပ် ၅၅၅၀၊ ကြံ့နှစ်ကောင်(စိမ်း) ကျပ် ၅၂၅၀ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages